ချစ်ကဗျာ

Wednesday, January 19, 2011


Zee Cine ရုပ်ရှင်ဆုပေးပွဲတွင် My Name is Khan အကြီးအကျယ် အောင်ပွဲခံ

ပြီးခဲ့သည့် သီတင်းပါတ်က ကျင်းပသည့် ဘောလီးဝုဒ် Zee Cineရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် My Name is Khanက အကြီးအကျယ် အောင်မြင်မှု ရရှိခဲ့ကြောင်း သိရသည်။ ယခုနှစ် ဆုပေးပွဲကို ဘောလီးဝုဒ် ဇာတ်ကားများ နိုင်ငံရပ်ခြားသို့ ပိုမိုဖြန့်ကျက် အောင်မြင်နိုင်စေရန် ရည်စူးပြီး စင်္ကာပူတွင် ပြုလုပ်ကျင်းပခဲ့သည်။ အိန္ဒိယဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သော ဘောလီးဝုဒ်စတားများသည် စင်္ကာပူရှိ မာရီနာရတ်ဆော့ ပင်လယ်အော် ဟိုတယ်ကြီးသို့ ရောက်ရှိလာခဲ့သည်။ အမေရိကန်တွင် အစ္စလာမ် ဘာသာဝင်တို့၏ ရုန်းကန်လှုပ်ရှားရမှုကို ရိုက်ကူးထားသည့် Dramaဇာတ်ကား My Name is Khanသည် ဒါရိုက်တာဆုရော၊ အကောင်းဆုံး မင်းသားဆုကိုပါ ဆွတ်ခူးရရှိစေခဲ့သည်။ ဒါရိုက်တာဆုကို ဒါရန်ဂျိုဟာက ရရှိခဲ့ပြီး မင်းသားဆုကိုမူ ရှာရွတ်ခန်က ဆွတ်ခူးခဲ့သည်။ သို့သော်လည်း ယင်းဇာတ်ကားသည် အကောင်းဆုံး ဇာတ်ကားဆုအတွက် အက်ရှင်အသားပေး ရဲDramaဇာတ်ကား Dabanggအား အရှုံးပေးခဲ့ရသည်။ မင်းသမီး ဗီဒယာဘာလန်းက Ishqiyaဇာတ်ကားတွင် ပါဝင်ခဲ့သည့် ဇာတ်ရုပ်အတွက် အကောင်းဆုံးမင်းသမီးအဖြစ် ရွေးချယ်ခံရသည်။ ထိုဇာတ်ကားတွင် သူမသည် လူလိမ်နှစ်ဦးနှင့် ချစ်ကျွမ်းဝင်ခဲ့သည့် မုဆိုးမတစ်ဦးအဖြစ် သရုပ်ဆောင်ထားသည်။

No comments:

Post a Comment