ချစ်ကဗျာ

Wednesday, January 19, 2011


အဆိုတော်ခင်ဘုဏ်း ဇန်နဝါရီ ၂၅ရက်တွင် မင်္ဂလာဆောင်မည်

အဆိုတော်ခင်ဘုဏ်း၏ မင်္ဂလာပွဲကို ဇန်န၀ါရီလ ၂၅ ရက်တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပမည်ဖြစ်ပြီး သူမ၏လက်တွဲဖော်မှာ ပရိသတ်များသိထားပြီးသူ ဂစ်တာသမား မောင်သက်(ကြွက်)ပင်ဖြစ်သည်။ အဆိုတော်သက်တမ်း ၁၀ နှစ်ပါးရှိခဲ့ပြီဖြစ်သော ခင်ဘုဏ်း၏ မင်္ဂလာပွဲကို ဆီဒိုးနားဟိုတယ်တွင် နံနက်၉ နာရီမှ ၁၁နာရီအထိ ကျင်းပမည်ြဖစ်သည်။ သူမတို့၏ မင်္ဂလာပွဲအတွက် အလုပ်ရှုပ်လျက်ရှိကြောင်း သူမကပြောသည်။ ခင်ဘုဏ်း၏ချစ်သူမှာ ၂၀၀၂ခုနှစ်က Synergy အဖွဲ့အမည်ဖြင့် အဖွဲ့လိုက်စီးရီးထွက်ရှိခဲ့ပြီး ပြည်ပမှကွန်ပျူတာတက္ကသိုလ် ဘွဲ့ရခဲ့သူတစ်ဦးလည်း ဖြစ်သည်။ Noize Camp တီးဝိုင်းကို တည်ထောင်ထားပြီး ခင်ဘုဏ်း၏ တစ်ကိုယ်တော်စီးရီး “အယုံလွယ်သူ”တွင်လည်း ပါဝင်တီးခတ်ပေးထားခဲ့သည်။ အဆိုအပြင် ဂစ်တာတီးခတ်ခြင်းကိုလည်း ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ နိုင်ငံရပ်ခြားသို့ ကာလတစ်ခုကြာ ပညာသွားရောက်သင်ကြားခဲ့ပြီး ပြန်လာချိန်တွင် ခင်ဘုဏ်းနှင့် လက်ထပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment