ချစ်ကဗျာ

Wednesday, February 2, 2011

သရုပ်ဆောင် နဲ့ မော်ဒယ် ဇင်ဇင်ဇော်မြင့်ရဲ့ မိသားစု ဓာတ်ပုံများ











Tuesday, February 1, 2011

လိုသလို ပုံသွင်းလို့ရတဲ့ ဖယောင်းလေးလို ဖြစ်ချင်တဲ့ မိုးယုစံ













Miss ပြိုင်ပွဲတွေမှာ ဆုတွေ မကြာခဏရခဲ့ပြီး ကြော်ငြာတွေလည်း လက်မလည်အောင် ရိုက်ကူးနေရသလို ဗီဒီယို၊ ရုပ်ရှင်တွေလည်း အဆက်မပြတ် ရိုက်ကူးနေရတဲ့ မိုးယုစံဟာ အနုပညာ နယ်ပယ်မှာ နေရာတစ်ခု ပီပီပြင်ပြင် ရရှိနေပါပြီ။

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး တည်ငြိမ်တဲ့ မိုးယုစံက လိုသလို ပုံသွင်းလို့ရတဲ့ ဖယောင်းလေးလို ဖြစ်ချင်တယ်လို့ ဆိုပါတယ်။ ဘယ်လိုသဘောနဲ့ ပြောတာလည်းဆိုတာ မေးမြန်း ကြည့်လိုက်တော့ … “ဖယောင်းဆိုတာ လိုချင်တဲ့ပုံစံကို လုပ်လို့ရတယ်။ ဒီလိုပဲ ရုပ်ရှင်ကားတွေ ရိုက်ကူးတဲ့ အခါမှာလည်း ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဇာတ်ကောင် မရွေးဘဲ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင် တတ်တဲ့သူ ဖြစ်ချင်တယ်။ မိုးယုစံက ကိုယ့်ကိုကိုယ် ဘယ်လို ကာရိုက်တာနဲ့မှ လိုက်တယ်လို့ ပုံမှန်မရှိပါဘူး။

တစ်ခါတလေ ရိုးရိုးအေးအေးလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံစံမျိုးလည်း ဖြစ်ချင်တယ်။ တစ်ခါတလေ ခက်ထန်တာ၊ ရဲရင့်တာ၊ ဗီလိန်ခန်းတွေမှာလည်း သရုပ်ဆောင်ရတာပဲ။ ဒါရိုက်တာအကြိုက် ဇာတ်ရုပ်သဘောအရ လိုသလို ပုံသွင်းလို့ရနိုင်တဲ့ ဖယောင်းလို ဖြစ်ချင်တာပါ။ သရုပ်ဆောင် သာမကဘဲ အငြိမ့်မင်းသမီးလိုလဲ ကရတာပဲ။ သီချင်းဆို ရတာလည်း ရှိတာပဲ။ ဘယ်ဘက်ကမဆို စွယ်စုံရတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်တယ်။ ဖြစ်လာအောင်လဲ ကြိုးစားနေတယ်။ ပရိသတ်ရဲ့ အားပေးမှုကြောင့် ဒီလိုဖြစ်လာတာပါ။ ဒါကြောင့် ပရိသတ်ကြီးကိုလည်း ထာဝရ လေးစား ချစ်ခင်နေမှာပါ။”









သတို့သမီး ၀တ်စုံ ဖက်ရှင်တွေနဲ့ လှနေတဲ့ ၀ိုင်းစုခိုင်သိန်း ပါ။








မော်ဒယ် သင်ဇာနွယ်ဝင်း ပါ။












မော်ဒယ် နန်းဆုကေဆွမ် ပါ။
ဖေဖော်ဝါရီလ ထဲမှာ ကျင်းပမယ့် မျိုးစန္ဒီကျော် နဲ့ ဖြိုးကျော်ကျော်မြတ် တို့ရဲ့ လက်ထပ်မင်္ဂလာပွဲ
ပြေတီဦး နဲ့ အိန္ဒြာကျော်ဇင် တို့ ဖေဖော်ဝါရီလ (၁၄) ရက်၊ Valentine Day အမှီ Honeymoon ခရီးထွက်ဖို့ ပြင်ဆင်

Monday, January 31, 2011

နှစ်သစ်ကို ရောက်လာတယ်ဆိုတာ ပညတ်ချက်တွေပါ စိတ်ဖြူစင်အောင်ထားဖို့ပဲ လိုပါတယ် သီရိဆွေ













သီရိကတော့ ဒီနှစ်မှာ ဘာလုပ်မယ်၊ ဘယ်လိုကောင်းအောင် နေထိုင်မယ် ဆိုတာတွေကို ငယ်ငယ်ထဲက ကြိုတင် စဉ်းစားတတ်တယ်။ ငယ်ငယ်ကတည်းက ဒီနှစ်အတန်းထဲမှာ ဘယ်လိုအဆင့်မှာ ရှိတယ်ဆိုရင် နောက်နှစ် ကိုယ်ဘယ်လို ဖြစ်အောင် ကြိုးစားရမလဲ ဆိုတာကို ကြိုပြီး စဉ်းစားတတ်တယ်။

အခု အသက်အရွယ် ရလာတော့ ကိုယ့်ရဲ့အမြင်တွေ Resolution တွေ ပြောင်းလာတာပေါ့။ ငယ်ငယ်တုန်းကတော့ ပညာရေးပေါ့။ ကြီးလာတော့လည်း ကိုယ်ရဲ့ဘဝရှေ့ရေး ဘယ်လိုနေထိုင်ရမယ်။ ဘယ်လိုပုံစံနဲ့ ကိုယ့်ရဲ့ဘဝကို ဖြတ်သန်းမလဲ ဆိုတာတွေကို စဉ်းစားလာရတယ်။ ဒါပေမဲ့ ဘယ်လိုပဲနှစ်တွေ တစ်နှစ်ပြီး တစ်နှစ် ပြောင်းလဲပါစေ။ ကိုယ်ဘယ်အလုပ်ကိုပဲ လုပ်လုပ် ပြီးမြောက် အောင်မြင်အောင် လုပ်ရမယ်လို့ ခံယူထားတယ်။ ပြီးတော့ ကိုယ်လုပ်တဲ့ အလုပ်တွေဟာ ကိုယ့်ကိုယ်ကို အကျိုးပြုနိုင်ရမယ့်အပြင် ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုနိုင်အောင် ပြုလုပ်နိုင်ရမယ်။

သီရိကိုယ်တိုင်လည်း ကိုယ်လုပ်တဲ့ အလုပ်ကို ပြီးမြောက်အောင် လုပ်နေရတယ်။ အခုလည်း ကိုယ်တက်နေတဲ့ ပညာရေးကို ပြီးမြောက်အောင် ကြိုးစားနေရတယ်။ နှစ်သစ်တွေ ဘယ်လိုပဲပြောင်းလဲပါစေ၊ နှစ်တစ်နှစ် ပြောင်းလဲသွားတယ်။ နှစ်သစ်ကို ရောက်လာတယ်ဆိုတာ ပညတ်ချက်တွေပါ။ အဓိက ကိုယ့်ရဲ့စိတ်ကို ဖြူစင်အောင်ထားပြီး အလုပ်ကို ကြိုးစားမယ်ဆိုရင် အောင်မြင်မှုဆိုတာ ရှိလာမှာပါ။ နှစ်သစ်မှာလည်း အပြုသဘောဆောင်ပြီး အန္တရာယ်ကင်းတဲ့ ပျော်ရွှင်ခြင်းတွေနဲ့ပဲ ဖြတ်သန်းကြမယ်ဆိုရင် ပျော်စရာကောင်းမှာပါ။

ဖြစ်ချင်တာက မော်ဒယ်ပုံစံ ဖြစ်နေတာက လှယဉ်ကျေးမယ်ပုံစံ ကိုယ်လိုချင်သလို မဖြစ်လို့ စိတ်ညစ်ရတဲ့ ခရစ္စတီးနား

Fashion with Christina
Fashion with Christina


မေး - ငယ်သူမို့မသိပါ ပြီးတော့ အနုပညာအလုပ် နည်းသွားလားလို့။

ဖြေ - ဟသွားတယ်ဆိုတာက အရှိန်တစ်ခုပေါ့။ ခရစ္စက မရိုက်တာ မဟုတ်ဘူး။ ရိုက်ထားတာတွေ ရှိတယ်။

တချို့ကားတွေဆို ရိုက်ထားပြီး ခုချိန်ထိ ထွက်မလာ သေးတာတွေတောင် ရှိသေးတယ်။ ခရစ္စကိုယ်တိုင်ကလည်း ကာရိုက်တာတွေ ဇာတ်လမ်းတွေ အရမ်းရွေးခဲ့တယ်။ နောက် ခရီးသွား တာတွေလည်း ဆက်သွားတော့ နည်းနည်း အဆက်ပြတ်သွားသလို ဖြစ်သွားတယ်။

Myanmar Model Christina

Myanmar Model Christina
Myanmar Model Christina
Myanmar Model Christina

Myanmar Model Christina
Myanmar Model Christina

မေး- ဇာတ်ကားတွေ အချိန်ကာလတစ်ခုမှာ ရိုက်ပြီး ထွက်မလာခဲ့တော့ ကိုယ့် Image ကို မထိခိုက်နိုင်ဘူးလား။

ဖြေ - အချိန်တစ်ခုပါပဲ။ လူတိုင်းက သူ့အချိန်နဲ့သူ အဆင်ပြေသွားမှာပါပဲ။ အဲဒီ အတွက်ကြောင့် ဘာမှ ကြီးကြီးကျယ်ကျယ် ထိခိုက်စရာတော့ မရှိပါဘူး။

မေး - ခုချိန်မှာတော့ ဘယ်လို ဖက်ရှင်တွေ စိတ်ဝင်စားလဲ။

ဖြေ - ကိုယ့်အတွက်ဆိုရင်တော့ ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်ကိုပဲ စိတ်ဝင်စားတယ်။ ဖက်ရှင်တွေ ထွက်သမျှတော့ အကုန်လုံးကို မိန်းကလေးဖြစ်တဲ့အတွက် သဘောကျတယ်။ ကိုယ်နဲ့ကျတော့ ကိုယ့်ခန္ဓာ ကိုယ့်အချိုးအစား မျက်နှာပေါက်နဲ့ လိုက်ဖက်တာကို ဝတ်နိုင်ဖို့ အရေးကြီးတယ်။

မေး - အနုပညာရှင်တစ်ယောက် အောင်မြင်ဖို့ ဝတ်စားဆင်ယင်မှုက ဘယ်နှရာခိုင်နှုန်းလောက် အရေးကြီးမယ်ထင်လဲ။

ဖြေ - ဖက်ရှင်က ခုနောက်ပိုင်း ပိုပြီးလိုအပ်တာပေါ့။ ကိုယ်တွေ ငယ်ငယ်တုန်းက ပရိသတ် တစ်ယောက်အနေနဲ့ မင်းသမီးကို ကြည့်ပြီဆို ဖက်ရှင်က အရမ်းလည်း ခေတ်မစား တော့ဘူး။ ခု အင်တာနက် ခေတ်ကျတော့ ဖက်ရှင်တွေကို တစ်နေရာနဲ့ တစ်နေရာ ချက်ချင်းရောက်တယ်။ Website တွေကလည်း လူတွေကို ပိုပြီးအမြင်ကျယ်လာတယ်။ ဖက်ရှင်ကလည်း ပိုပြီးအရေးပါတဲ့ ကဏ္ဍကို ရောက်လာပါတယ်။

မေး - ခရစ္စရဲ့ ခန္ဓာကိုယ် အချိုးအစားက ဆွဲဆောင်မှုရှိတယ်လို့ ပြောကြတယ်။ ကိုယ်တိုင်ကရော။

ဖြေ - အဲဒီလို ပြောတယ်ဆို ပြောတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ခရစ္စကြားဖူးတာ မိန်းကလေးတွေက သူတို့ရဲ့ ခန္ဓာကိုယ် အချိုးအစားတွေကို စိတ်တိုင်းမကျတဲ့သူ ရာခိုင်နှုန်း တော်တော်များတယ်တဲ့။ အဲဒီထဲမှာ ခရစ္စလည်းပါတယ်။ ကိုယ်က သေးသေး သွယ်သွယ်လေး ဖြစ်ချင်တာ။ ခန္ဓာကိုယ် အချိုးအစားက ခုထက်ပိုပြီး slim ဖြစ်ချင်တာ။ ကိုယ်ဖြစ်ချင်တာ Model ကိုယ်လုံးမျိုး၊ ကိုယ်ဖြစ်နေတာ မယ်ဗမာ ကိုယ်လုံးမျိုး ဖြစ်နေတယ်။ အဲဒီလိုဖြစ်တာကလည်း သူ့မျိုးရိုးဗီဇအရ ဖြစ်တာ။ လေ့ကျင့်ထားတာ မဟုတ်ဘူး။ ပြင်လို့မရလို့တောင် စိတ်ညစ်နေတယ်။

မေး - Show ပွဲတွေရော လျှောက်ဖြစ်သေးလား။

ဖြေ - မင်္ဂလာဝတ်စုံပွဲ တော်တော်များများ လျှောက်ဖြစ်နေတယ်။ ခရစ္စကလည်း ဒီလို Show တွေ လျှောက်ခဲ့ရတာကနေ လာခဲ့တော့ Show လျှောက်ရတာ ကြိုက်တယ်။ မင်္ဂလာဝတ်စုံ ဝတ်ရတာ သဘောကျတယ်။

မေး - Fancy ဝတ်တာနဲ့ မင်္ဂလာဝတ်စုံ ဝတ်တဲ့အခါ စိတ်ခံစားမှုက။

ဖြေ - မင်္ဂလာဝတ်စုံကတော့ ထည်ဝါတာပေါ့။ ခရစ္စ ခန္ဓာကိုယ် အချိုးအစား၊ မျက်နှာပေါက်က အဲဒီလို ထည်ဝါတာတွေ၊ ပွဲနေပွဲထိုင်တွေနဲ့ ပိုလိုက်တယ် ထင်တယ်။ Fancy တွေကျတော့ ကလေးဆန်တယ်။ သိပ်မကြိုက်ဘူး။

မေး - ခုနောက်ပိုင်း ဇာတ်ရွေးချယ်ခဲ့တဲ့အခါ ဘယ်လိုကာရိုက်တာကို အဓိကထားပြီး ရွေးချယ်လဲ။

ဖြေ - ခုနောက်ပိုင်းကျတော့ ပရိသတ်နဲ့ အဆက်မပြတ်အောင်ဘဲ ပေးတဲ့ ကာရိုက်တာ အပေါ် ဘယ်လောက်ထိ လုပ်နိုင်မလဲ စဉ်းစားပြီး ရွေးဖြစ်ပါတယ်။ လုပ်ကွက်လေးတစ်ခု ရမယ်ဆိုရင် သိပ်မရွေးတော့ဘဲ ရိုက်ဖြစ်တယ်။ ဟိုတလောက ဦးဇော်ရိုက်တဲ့ ချောကလက် အချစ် ဇာတ်ကားလေးမှာလည်း ကိုယ် တစ်ခန်း တစ်ကဏ္ဍအနေနဲ့ ပါဝင်ရတယ်ဆိုတဲ့ စိတ်နဲ့ပဲ ရိုက်ခဲ့တယ်။ ခရစ္စတီးနားတို့လို ကြိုးစားနေဆဲ သရုပ်ဆောင်တွေက ဒီလိုအများကြီး လိုအပ်ပါတယ်။

မေး - ခုချိန် ကိုယ့်အတွက် အထူးတလည် ထိန်းသိမ်းရတဲ့အရာတွေ ရှိလား။

ဖြေ - အဲဒီလိုတော့ မရှိပါဘူး။ ကိုယ်က အလုပ်တွေကို စလုပ်ကတည်းက စေတနာ၊ မေတ္တာထားတယ်။ အဲဒါကြောင့် ကိုယ့်အပေါ် အဲဒါတွေက ရောင်ပြန်ဟပ်တယ်လို့ ထင်ပါတယ်။

မေး - အလန်းလွန် အလွန်လန်းမှာဆိုလည်း မင်းသမီးငယ်တွေ အများကြီးပါတယ်နော်။ အဲဒီအတွက် ကြိုတင်ပြင်ဆင်မှုက။

ဖြေ - အဲဒီလို ရိုက်ရတဲ့အတွက် ကိုယ့်စိတ်က နဂိုကတည်းက အေးတော့ စိတ်ပူနေတာ မျိုးလည်း မရှိဘူး။ ဘယ်သူပါတယ်ဆိုတာမျိုးလည်း ထည့်မတွက်ထားဘူး။ ကိုယ်လုပ်ရမယ့် ကိုယ့်ဘောင် စည်းမျဉ်းမှာပဲ ဘယ်လောက်ထိ ကြိုးစားရမှာလဲ ကြိုးစားနိုင်မှု အတိုင်းအတာကို ကြည့်ပြီးပဲ လုပ်သွားပါတယ်။ မင်းသမီး အများကြီး ဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ပေးထားတဲ့ ကာရိုက်တာတွေလည်း မတူဘူးလေ။ ကိုယ့်ကာရိုက်တာပဲ ကိုယ်အံဝင်အောင် လုပ်ပါတယ်။ ခေတ်ရဲ့ တောင်းဆိုချက်အရရော ပရိသတ်ရဲ့ တောင်းဆိုချက်အရရော ဇာတ်လမ်းမှာ သရုပ်ဆောင်တွေ အများကြီး သုံးတာ ပိုကြိုက်တယ်လို့ ထင်တယ်။

မေး - ခရစ္စ လျှောက်လှမ်းလာတဲ့ တစ်ချိန်လုံးမှာ အတွန်းအတိုက်တွေနဲ့ ကြုံခဲ့ဘူးလား။ ဘယ်လိုကျော်ဖြတ်ခဲ့လဲ။

ဖြေ - ရှိခဲ့တာပေါ့။ ခဏခဏပါပဲ။ စိတ်ထဲမှာတော့ ကြာရှည်ခံစားတာ မရှိဘူး။ သူများအကြောင်းကို စိတ်လည်းမဝင်စားဘူး။ စိတ်ထဲမှာ ရှင်းတဲ့အတွက် အေးအေးဆေးဆေး ရပ်တည်လို့ ရတယ်ထင်တာပဲ။

မေး - မေမေက ခရစ္စကို ဘယ်လို အကြံဉာဏ်တွေပေးလဲ။

ဖြေ -ခရစ္စကို မေမေပဲ ကူညီတာများပါတယ်။ အဝတ်အစား ရွေးတာကအစ မိတ်ကပ်အဆုံးပေါ့။ ရှုတင်ဆိုလည်း ခုချိန်ထိ မေမေ လိုက်ပေးတုန်းပဲ။ တစ်ခါတလေ မေမေ့ကို အားနာတယ်။ ဒီအနုပညာ အသိုင်းအဝန်းက ခရစ္စအတွက် အသစ် မဟုတ်တော့ဘူး။ အားလုံးနဲ့ ရင်းနှီးနေပြီ။ မေမေ နေခဲ့လို့ရပြီဆိုပြီး မနည်းတားနေရတယ်။

မေး - အနုပညာအလုပ်တွေ လုပ်တဲ့အတွက် ချစ်သူနဲ့ ဘယ်လို နားလည်မှုယူထားသလဲ။

ဖြေ - ဒီအလုပ်ကို နားလည်ပေးဖို့က သူ့အတွက်က တော်တော်လေး ခက်ခဲနေတယ်။ အဲဒီအတွက် သေချာနားလည်အောင် ညှိနှိုင်းနေတုန်းပဲ ရှိပါသေးတယ်။ အနုပညာ အလုပ်တွေ လုပ်ဖို့ပဲ ခရစ္စက အားသန်တာဆိုတော့ ဘာတွေ ဆက်ဖြစ်လာဦးမလဲဆိုတာ ခုချိန်မှာ မသိနိုင်သေးဘူး။

မေး - ခရစ္စကရော အိမ်ထောင်ပြုဖြစ်ရင်ရော အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်မှာလား။

ဖြေ - အဲဒါက အခြေအနေအရပဲ။ ဘာမှ ပြောလို့မရသေးဘူး။ အားလုံးက ညှိနှိုင်းဆဲ အနေအထားမှာပဲ ရှိသေးတာ။ အကြောင်းအမျိုးမျိုးက ဘာတွေဖြစ်လာမလဲ မပြောတတ်ဘူး။ နောက်ပြီး ဖူးစာက နတ်ကြီးတယ်။ ဖူးစာပါမှလည်း ရကြတာဆိုတော့ ဘာမှကြိုပြောလို့ မရပါဘူး။

မေး - ပရိသတ်အတွက် ခရစ္စအနေနဲ့ ဘာတွေပြောချင်သေးလဲ။

ဖြေ - ခရစ္စဇာတ်ကားတွေ ရိုက်နေပါတယ်။ အနုပညာအလုပ်တွေ ဆက်လုပ်ဖို့ အားအင်တွေပေးဖို့ မျှော်လင့်နေပါတယ်။ ခရစ္စက မာနမကြီးတတ်ပါဘူး။ ခင်မင်တတ်ပါတယ်။

Sunday, January 30, 2011

မေမေ ထက်ထက်မိုးဦး၊ ဖေဖေ ဇူးမြတ်ထက် နဲ့ သမီးဦးလေး စစ်လွန်ဝတီထက် တို့ရဲ့ ပျော်ရွှင်စရာ မိသားစု

မုသားတွေချည်းပဲ ပြောနေမယ်ဆိုလည်း လင်္ကာမချောနိုင်ဘူး မယ်လိုဒီ














မုသားပြောတဲ့နေရာမှာ ယောက်ျားတွေက မိန်းမတွေထက် ပိုတယ်စကားပေါ် အမြင်ကို ပြောရမယ်ဆိုရင် မုသားမပါ လင်္ကာမချော ဆိုတဲ့ စကားလည်း ရှိပါတယ်။ ဒါပေမဲ့ မုသားချည်းပဲ ပြောနေမယ်ဆိုရင် လင်္ကာ မချောနိုင်ပါဘူး။ မျိုးမျိုးတို့ အနုပညာ သမားတွေကျတော့ ပရိသတ်အကြိုက် နေရတာလေ။ မျိုးတို့ ငယ်ငယ်တုန်းကဆို ဇာတ်ကားတွေကြည့်ပြီး မင်းသားနဲ့ မင်းသမီးလိုက်ရင် သူတို့နှစ်ယောက်ကို ယူစေချင်ကြတာလေ။ ကိုယ့်ဘာသာကိုယ် စိတ်ကူးယဉ်ပြီး ပေးစားကြတာလေ။

ခုခေတ်ကျတော့ လူတစ်ယောက်နဲ့ တစ်ယောက် မတူဘူးပေါ့။ တချို့ကျတော့ ကိုယ်ကြိုက် တဲ့ မင်းသားတစ်ယောက် အိမ်ထောင်ကျသွားရင် အားပေးတာ နည်းသွားတာမျိုး ရှိတယ်။ အဲဒီလိုမျိုးဆိုတော့ ယောက်ျားလေးတွေက မိန်းကလေးတွေ ထက် အိမ်ထောင်တစ်ခုမှာ ဆိုလည်း အိမ်ဦးနတ်ဆိုတာပဲ ရှိတာလေ။ ဇာတ်ကားတစ်ကားမှာဆိုလည်း မင်းသားက Leader ပဲလေ။ အဲဒီအခါကျတော့ သူတို့က မိန်းမတွေထက် ပိုပြီးအောင်မြင်မှုရော၊ ဘာရော ပိုလိုချင်ကြတယ်လို့ မျိုးလက်ခံထားတယ်။ အဲဒီအတွက် ယောက်ျားတွေက ပိုလိမ်တာ ဖြစ်နိုင်ပါတယ်။ မျိုးလည်း လိမ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူများတွေကို ထိခိုက်စေချင်လို့ မဟုတ်ဘူး။ ပရိသတ် မချစ်မှာစိုးလို့ပါ။


အခုတလော နာမည်တက်လာတဲ့ မြန်မာ မော်ဒယ် နှင့် သရုပ်ဆောင် မယ်လိုဒီ ပါ။ မယ်လိုဒီ ရဲ့ စွဲမတ်ဖွယ် ဖက်ရှင်လျှောက်ဟန် ပါ။ မယ်လိုဒီက အခုဆိုရင် မြန်မာဗွီဒီယိုဇာတ်ကား အချို့မှာပါ သရုပ်ဆောင် အသစ်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်နေပြီး အောင်မြင်မှု ရနေသူလေးပါ။ မယ်လိုဒီကို နာမည်ကျော် Fashion Show တော်တော်များများ မှာလည်းတွေရပါတယ်။