ချစ်ကဗျာ

Saturday, January 15, 2011


မေကဗျာ က နာမည်ရ မင်းသမီး တစ်ယောက်ဖြစ်သလို မော်ဒယ်ချော တစ်ယောက်လို့လည်း ဆိုနိုင် ပါတယ်။ မေကဗျာ ကို အိမ်ထောင်ကျသွားပြီးတဲ့ နောက်ပိုင်း အနုပညာ လုပ်ငန်းတွေကို သိပ် မလုပ်နိုင်တော့ တာကိုတွေ့ရပါတယ်။ မေကဗျာကတော့ ပရိတ်သတ်က သူကို အားပေးနေကြအုံးမယ် ဆိုရင်တော့ သူ ကြိုးစားပြီး သရုပ်ဆောင် အလုပ်ကို ပြန်လုပ်မယ်လို့ ဆိုပါတယ်။ အခုဆိုရင် မေကဗျာက သမီးလေး တစ်ယောက် နဲ့ အတူ သာယာတဲ့ မိသားစု ဘ၀ လေးကို ပိုင်ဆိုင်ထားပါတယ်။

မြန်မာ နာမည်ကျော် ဓာတ်ပုံဆရာ နှင့် ဒါရိုက်တာ ၀ဏ္ဏခွာနီ နှင့် သူ့ဇနီး သဇင်ကိုကို တို့ စုံတွဲဖြစ်ပါတယ်။ ၀ဏ္ဏခွာနီ ဟာ မြန်မာ အနုပညာရှင်တွေ၊ မော်ဒယ်တွေ ရဲ့ လက်စွဲ ဓာတ်ပုံဆရာ တစ်ဦးပါ။
ကြိုးကြာတောင်ပံခတ်သံရုပ်ရှင်ကား ဖေဖော်ဝါရီလတွင် ရုံတင်မည်

ကြိုးကြာတောင်ပံခတ်သံရုပ်ရှင်ကား ဖေဖော်ဝါရီလတွင် ရုံတင်မည်

ချင်းတောင်ဒေသရှိ ချင်းတိုင်းရင်းသားတို့အကြား စေတနာဆရာဝန်ဟု နာမည်ကြီးသူ၊ စွန့်လွှတ်အနစ်နာခံတတ်သည့် ဆရာဝန်တစ်ဦး၏ဘ၀ကို ရိုက်ကူးထားသည့် "ကြိုးကြာတောင်ပံခတ်သံ" ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလဒုတိယပတ်တွင် ရုံတင်ပြသမည်ဖြစ်ကြောင်း ရိုက်ကူးသူဒါရိုက်တာ စင်ရော်မောင်မောင်က ဇာတ်ကားအထူးပွဲပြသသည့်နေ့က ပြောကြားသည်။ ယင်းဇာတ်ကားသည် ၂၀၀၇ ခုနှစ်က စာရေးဆရာလင်္ကာရည်ကျော်၏ အမျိုးသားစာပေဆုရ "ကြိုးကြာတောင်ပံခတ်သံ" ၀တ္ထုကို စင်ရော်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာစင်ရော်မောင်မောင်က နေတိုး၊ ကျော်ကျော်ဗို၊ အိန္ဒြာကျော်ဇင်၊ ၀ိုင်းစုခိုင်သိန်း၊ မိုးယုစံ၊ ကေကေမိုးမြင့်တို့နှင့် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။



ဆေးကျောင်းသားသူငယ်ချင်းသုံးဦး၏ ဖြူစင်သော သူငယ်ချင်းသံယောဇဉ်ဘ၀၊ ဆေးကျောင်းသား ဆေးကျောင်းသူဘ၀ အမှတ်တရပုံရိပ်များ၊ စွန့်လွှတ်အနစ်နာခံ စေတနာကြီးမားလွန်းကာ ကိုယ်ကျိုးစွန့်ကုသကယ်ဆယ်တတ်သည့်အတွက် တာဝန်ကျသည့်ဒေသ၏ နာမည်နှင့်တွဲဖက်ပြီး ချင်းတောင်လတ်ငြိမ်းဟု နာမည်ကြီးလာခဲ့သည့် ဒေါက်တာလတ်ငြိမ်း(နေတိုး)၏ သရုပ်ဆောင်မှုများကို ခံစားကြည့်ရှုရမည်ဖြစ်သည်။ ချင်းတောင်တန်းအလှအပများ၊ တောင်တန်းနှင့်တိမ်တိုက်များ၊ ချင်းတိုင်းရင်းသားများကိုပါ ထည့်သွင်းရိုက်ကူးထားပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဓါတ်ပုံဆုရရှိနိုင်သည့် ဇာတ်ကားတစ်ကားလည်းဖြစ်ဖွယ်ရှိနေသည်။ "ကြိုးကြာတောင်ပံခတ်သံ" ဇာတ်ကားသည် ၂၀၀၉ ခုနှစ် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး နေတိုးအတွက် အကယ်ဒမီရရှိနိုင်သည်ဟု ခန့်မှန်းထင်ကြေးပေးနေကြသည့် ဇာတ်ကားလည်းဖြစ်သည်။ ဇာတ်ကားအထူးပွဲပြသသည့် အခမ်းအနားသို့ ဇာတ်ကားတွင် သရုပ်ဆောင်များဖြစ်ကြသော နေတိုး၊ မိုးယုစံ၊ ၀ိုင်းစုခိုင်သိန်းတို့တက်ရောက်ကြပြီး အိန္ဒြာကျော်ဇင်က ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့် လာရောက်ကြည့်ရှုခဲ့သည်ကိုလည်း တွေ့ရသည်။ ရေးသားသူ -

ချစ်သူက အနုပညာအသိုင်းအဝိုင်းထဲက မဟုတ်ဘူးလို့ဆိုတဲ့ ဝိုင်းစုခိုင်သိန်း
“အချစ်ရေးက စိတ်ချမ်းသာပါတယ်။ အေးအေးဆေးဆေးပါပဲ”

ချစ်သူက အနုပညာအသိုင်းအဝိုင်းထဲက မဟုတ်ဘူးလို့ဆိုတဲ့ ဝိုင်းစုခိုင်သိန်း

နှစ်သစ်ကူးရာသီတွင် ရှိုးပွဲများ ဆက်တိုက်သီဆိုနေရသော အဆိုတော်သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းက သူမ၏ချစ်သူမှာ အပြင်လောကမှသူဖြစ်ပြီး အနုပညာလောကထဲမှ မဟုတ်ကြောင်း “ကြိုးကြာတောင်ပံခတ်သံ” ရုပ်ရှင်ဇာတ်ကား အထူးပွဲတက်ရောက်လာစဉ်က မေးမြန်ခဲ့ခြင်းကို ပြန်လည်ဖြေကြားသည်။ ဝိုင်းစုခိုင်သိန်းအား သူမ၏ လက်ရှိအချစ်ရေး အခြေအနေကို မေးမြန်းရာ “အချစ်ရေးက စိတ်ချမ်းသာပါတယ်။ အေးအေးဆေးဆေးပါပဲ”ဟု ဖြေကြားခဲ့ပြီး အပြင်လောကတွင် သတင်းများထွက်ပေါ်နေသော နာမည်ရနေပြီးဖြစ်သည့် တက်သစ်စဂီတသမားလေး တစ်ဦးနှင့် ချစ်သူများဖြစ်နေပြီဆိုခြင်းကိုလည်း သူမက “အဲဒါလည်း မဟုတ်ပါဘူးလို့။ ဘယ်သူလဲဆိုတာကိုတော့ ပရိသတ်ကြီး စောင့်ကြည့်ရင် သိမှာပါ”ဟု ဖြေကြားသွားခဲ့သည်။ ဝိုင်းစုခိုင်သိန်းသည် ဒုတိယစီးရီးအတွက် အသံသွင်းယူရန် အချို့သီချင်းများကျန်ရှိနေကြောင်းနှင့် ရွှေဂျော်ဂျော်၊ ဆောင်းဦလှိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဇဝါ၊ Ar.T တီ၊ အောင်လ (Reason)တို့ ပါဝင်ရေးသားထားကြသည်။ ပထမစီးရီးနှင့် တတ်နိုင်သမျှတူအောင်၊ မပြောင်းလဲအောင် စီစဉ်ထားပြီး ပရိသတ်များကလည်း ပထမစီးရီးနှင့် ပုံစံတူလေးတွေသာ ဆိုစေချင်ကြောင်း အကြံပေးကြသည်ဟု ပြောကြားသည်။ အကယ်ဒမီပွဲတက်ရန် ဝတ်စုံစပွန်ဆာပေးထားသူ သုံးလေးဦးခန့်ရှိနေပြီး သူမနှင့် အလိုက်ဖက်ဆုံးဝတ်စုံကို ရွေးချယ်ဝတ်ဆင်သွားမည်ဖြစ်ကြောင်း ဝိုင်းစုခိုင်သိန်းက ပြောသည်။

သရုပ်ဆောင် နှင့် မော်ဒယ် မြင့်မြတ် ရဲ့ ဖက်ရှင် နှင့် စတိုင်

ဒီကနေ့ (ဇန်န၀ါရီလ ၁၅ ရက်) မဟာစည်သာသနာ့ရိပ်သာမှာ ပြုလုပ်ခဲ့တဲ့ ပြေတီဦး နှင့်အိန္ဒြာကျော်ဇင်တို့ရဲ့ မင်္ဂလာဆွမ်းကျွေးပွဲ ဒီကနေ့ (ဇန်န၀ါရီလ ၁၅ ရက်၊ ၂၀၁၁) မဟာစည် သာသနာ့ရိပ်သာမှာ ကျင်းပခဲ့တဲ့ ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့ရဲ့ မင်္ဂလာဆွမ်းကျွေးပွဲမှ ဓာတ်ပုံ တချို့ပါ။ ပြေတီဦး နှင့် အိန္ဒြာကျော်ဇင်တို့ဟာ မနက်ဖြန်ခါ (ဇန်န၀ါရီလ ၁၆) တွင် စုလျားရစ်ပတ် ဘိတ်သိတ်မင်္ဂလာ ကို Sedona Hotel မှာ ကျင်းပဖို့ရှိလို့ သိရပါတယ်။

Friday, January 14, 2011

ကလေး ချစ်တတ်တဲ့ ထက်ထက်မိုးဦး သမီးဦးလေး မွေးပြီ



ဘန်ကောက်မှာ မွေးနေ့ကျင်းပခဲ့တဲ့ Rဇာနည်

Rဇာနည်က ဖေဖော်ဝါရီလ(၃) နေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ကို ဘန်ကောက်မှာ ဖျော်ဖြေပွဲ ပြုလုပ်ချိန်နဲ့ တိုက်ဆိုင် နေတာ ကြောင့် ဘန်ကောက်က မြန်မာ ပရိတ်သတ်တွေနဲ့ အတူ စင်ပေါ်မှာဘဲ Happy Birthday သီချင်းဆိုပြီး ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။ Rဇာနည် တစ်ယောက် ထိုင်းနိုင်ငံမှာ ဖျော်ဖြေပွဲတွေ ဆက်တိုက် ရှိနေတာပါ။


Kanebo ကထုတ်တဲ့ Freshsl White C Brand ရဲ့ ကြော်ငြာရှင်ဒီကောင်မလေးကို ကိုရီးယားမလေး နဲ့တူလို့ဆိုပြီး ပရိတ်သတ်ရဲ့ အထူး စိတ်ဝင်စားမှုကို ရရှိနေတဲ့ ၀တ်မှုန်ရွှေရည် ပါ။ အိမ်မှာတော့ သူ့ကို ကစ်ကစ် လို့ခေါ်ကြတယ်။
2010 ခုနှစ်အတွက် အပေါက်ဆုံး အမျိုးသမီး အဆိုတော် (၂) ဦး

သူကတော့ ချမ်းချမ်း ပါ။ အခုတလော Magazine Cover တွေမှာ တော်တော် လေးတွေနေရပါတယ်။ စွဲဆောင်မှုရှိတဲ့ မြန်မာ မော်ဒယ်ချောလေး တစ်ယောက်ဖြစ်ပါတယ်။

နိုဘယ်လ်ကျော်ကျော် ပါ။ နာမည်ကြီးမော်ဒယ်တစ်ယောက် မဟုတ်ပေမဲ့ စွဲဆောင်မှုရှိတဲ့ အလှ ရှိသူတစ်ဦး ပါ။ ဘ၀င်ဖိုလှုပ် ကြွေရှင်အသွင် အလှရှင်မလေးရယ် လို့ တင်စားရအောင်ပင် နိုးဘယ်လ်ကျော်ကျော် ရဲ့ အလှက စွဲမတ်ဖွယ်ပါ။ နိုးဘယ်လ်ကျော်ကျော်က မြန်မာ့ အနုပညာနယ်ပယ်မှာ နေရာတစ်ခုရအောင် ကြိုးစားနေဆဲ မော်ဒယ်ချောလေး ပါ။

ငယ်ငယ်က ပြည်သူ့အချစ်တော် အမွှာညီမ အဖြစ်နာမည်ကျော်ခဲ့တဲ့ အေးအေးငြိမ်း နဲ့ အိအိငြိမ်းတို့က အခု အနုပညာလောကထဲကို ၀င်ရောက်တော့မှာပါ။ မော်ဒယ် နှင့် သရုပ်ဆောင် လုပ်ငန်းတွေကို ညီမနှစ်ယောက်အတူ လုပ်မှာပါ။ လောလောဆယ် ဘယ်သူနဲ့မှ စာချုပ်မလုပ်ရသေးပေမဲ့ ကမ်းလှမ်းလာရင် စဉ်းစားလက်ခံမှာပါတဲ့။