ချစ်ကဗျာ

Wednesday, January 19, 2011

အကယ်ဒမီပွဲတက်ဝတ်စုံ ပြင်ကြပြီ
နိုင်ငံခြားကို ချက်ချင်းထွက်ပြီး ဈေးသွားဝယ်တဲ့ ဒီဇိုင်နာတွေနဲ့ ၀တ်စုံဖစ်တင်ချတဲ့ မင်းသမီးတွေနဲ့ ဒီရက်ပိုင်းလှုပ်ခတ်နေတဲ့ အကယ်ဒမီပွဲတက်ဝတ်စုံလေးတွေကို ရနိုင်သလောက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်

အကယ်ဒမီပွဲတက်ဝတ်စုံ ပြင်ကြပြီ

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် နေပြည်တော်မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ယခင်နှစ်များကလို ဖေဖော်ဝါရီလဆန်းပိုင်းလို့ ထင်မှတ်ထားတဲ့ ရုပ်ရှင်လောကသား အများစုဟာ ရှေ့တိုးလာတဲ့ ပွဲရက်ကြောင့် ရိုက်ကူးရေးလက်စတွေ၊ အလုပ်လက်ခံထားတာတွေကို အပူတပြင်း ပြန်လည်ပြင်ဆင်ကြရင်းနဲ့ ပွဲတက်ဝတ်စုံချုပ်ဖို့ အေးဆေးနေတဲ့ ဒီဇိုင်နာတွေ၊ စပွန်ဆာပေးမယ့် ကုမ္ပဏီတွေလည်း အားချင်းအလုပ်ရှုပ်သွားကြပါတယ်။ နိုင်ငံခြားကို ချက်ချင်းထွက်ပြီး ဈေးသွားဝယ်တဲ့ ဒီဇိုင်နာတွေနဲ့ ၀တ်စုံဖစ်တင်ချတဲ့ မင်းသမီးတွေနဲ့ ဒီရက်ပိုင်းလှုပ်ခတ်နေတဲ့ အကယ်ဒမီပွဲတက်ဝတ်စုံလေးတွေကို ရနိုင်သလောက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

မေသန်းနု

ဒီဇိုင်နာလတ်လတ် စီစဉ်နေပါတယ်။ သွားဖို့ကတော့ ဘာမှမစီစဉ်ရသေးဘူး။ "ကျောက်စက်ရေ" ကတော့ အကယ်ဒမီအတွက် ကြည့်တယ်လို့ သတင်းကြားတယ်။ ပေးမပေးတော့ မပြောတတ်ဘူးပေါ့နော်။ အဲဒီကားမှာပါတဲ့လူအားလုံးကတော့ မျှော်လင့်လို့ရတာပေါ့။ မင်းသားထဲက နေတိုးလည်းကြားတယ်။ မြင့်မြတ်လည်းကြားတယ်။ မဆင့်တို့က ရှင်းရှင်းပြောရရင် ရုပ်ရှင်ကိုလည်း သွားမကြည့်ဖြစ်ဖူးလေ။ အဲဒီတော့ သိပ်မသိဘူးပေါ့။ ဒါပေမဲ့ ပရိသတ်ရဲ့စကား၊ သရုပ်ဆောင်တစ်ယောက်ရဲ့အနေအထားအရ နေတိုးကတော့ ပြောစရာမရှိဘူးပေါ့။

ဇူးဇူးမောင်

ချိုက မန္တလေးကဒီဇိုင်နာ ကိုမျိုးမင်းစိုးရဲ့ ၀တ်စုံကိုဝတ်မှာပါ။ ချိတ်ပုံစံလေး လုပ်ထားတယ်လို့ သူကတော့ပြောတယ်။ ထဘီကတော့ ပြီးနေပြီတဲ့။ အန်တီနဲ့ပဲသွားမှာပါ။ မင်းသားထဲကတော့ နေတိုးနဲ့ မြင့်မြတ်လို့တော့ ကြားတာပဲ။ မင်းသမီးက မစိုးကြီးလို့ကြားတယ်။

မိုးအောင်ရင်

ဘာအစီအစဉ်မှ မရှိသေးဘူး။ ၀တ်စုံအတွက်က ကျွန်တော့်ကို အရင်ကပြောထားတာတွေတော့ရှိတယ်။ မသေချာသေးဘူး။ လပ်ကီးဆဲဗင်း မိသားစုနဲ့ပဲ သွားဖြစ်မှာပါ။

မို့မို့မြင့်အောင်

လောလောဆယ် ယူဖိုးရီးယားက စီစဉ်ပေးမယ်ပြောပါတယ်။ ဘယ်မှာတည်းမယ်၊ ဘယ်လိုသွားမယ်ဆိုတာ စဉ်းစားတုန်းပဲ။ တချို့ကားတွေက ရုံမတင်ရသေးဘူး၊ ကိုယ်လည်း မကြည့်ရသေးတော့လေ ကိုယ်လည်းမှန်းရခက်တာပေါ့။ ကျောက်စက်ရေမှာတော့ သုံးယောက်လုံးက လယ်ဗယ်ပဲ။ ချွန်ထွက်တာတော့ ကိုယ်တော့မတွေ့ရဘူးပေါ့။ သုံးယောက်လုံးကလည်း ပညာတော်ကြတော့ ကိုယ်လည်း မမှန်းတတ်ဘူးဖြစ်နေတယ်။ ဒီကားက ကိုယ်တိုင်လည်း ရိုက်ခဲ့ဖူးတဲ့ကားဆိုတော့ ပရက်ရှိုးပြတုန်းက သွားကြည့်ခဲ့တယ်။ ခေတ်အရတော့ သူတို့ပြောင်းလဲပြီး လုပ်ထားတာလေးတွေကောင်းပါတယ်။

သက်မွန်မြင့်

ဒီဇိုင်နာလတ်လတ်ရဲ့ ၀တ်စုံကိုဝတ်ဖို့ စီစဉ်ထားပါတယ်။ မလတ်နဲ့ သက်မွန်နဲ့ လိုချင်တဲ့ဒီဇိုင်းပုံစံလေးကို ညှိပြီးလုပ်ဖို့စဉ်းစားထားပါတယ်။ ဘယ်လိုအစီအစဉ်နဲ့သွားမလဲတော့ သေချာမသိသေးဘူး။ သေချာတာတော့ သက်မွန်ကားတွေ တစ်ခုမှမပါဘူး။(ရယ်လျက်) ကားရိုက်တွေလည်း ဆက်တိုက်ရှိတော့ သက်မွန်ကားတွေ သိပ်မကြည့်ဖြစ်ဘူး။ မာမီရှိန်းတော့ ကြော်ငြာတုန်းက ကြည့်လိုက်ရလို့ ကြိုက်တယ်။ သက်မွန်ကြားတာက ကိုနေတိုးလို့လည်းကြားတယ်။ မစိုးကြီးလို့လည်းကြားတယ်။ မအူဝဲတို့လည်းရှိတယ်။

မျိုးစန္ဒီကျော်

အစ်မနဲ့ အစ်မခင်ပွန်းတို့ကို Aroma က မိတ်ကပ်၊ ဆံပင်၊ အ၀တ်အစား အားလုံးဆင်ယင်ပေးကြမှာပါ။ ဒီဇိုင်းကိုလည်း သူတို့နဲ့ညှိပြီး ကိုယ်နဲ့လိုက်တာလေးတွေ ၀တ်ဖြစ်မှာပါ။ အရောင်ကတော့ ငွေရောင်နဲ့အနက်ရောင် ရောထားတာကို ၀တ်မှာ။ သွားဖို့ကတော့ Aroma မိသားစုနဲ့ပဲ သွားဖြစ်မလား၊ ကိုယ့်သူငယ်ချင်းတွေနဲ့ပဲ သွားဖြစ်မလား မသေချာသေးဘူး။ သင်္ဂဟဟိုတယ်မှာတည်းမယ်။

ပပ၀င်းခင်

ခင်မဒီပိုးထည်တိုက်က ၀တ်စုံကို ဒီဇိုင်နာလတ်လတ်က ဖန်တီးပေးမှာပါ။ ပြောထားတာတော့ နှစ်စုံလောက်ရှိတယ်။ ဘာရောင်ဝတ်ဖြစ်မလဲ မသိသေးပါဘူး။ လက်ဝတ်လက်စားကို ပပအစ်မတစ်ဝမ်းကွဲက စီစဉ်ပေးမှာပါ။ မိတ်ကပ်ကို ညီညီမောင်(စမ်းချောင်း)နဲ့လိမ်းမယ်။ ဖိနပ်ကတော့ အစ်ကို စင်ကာပူက၀ယ်လာတဲ့ ဖိနပ်စီးမယ်။ တည်းဖို့ကတော့ မသေချာသေးဘူး။ အကယ်ဒမီ ဘယ်သူတွေရမယ်ဆိုတာတော့ ပပလည်းသေချာမသိပါဘူး။

ဖူးစုံ

ဒီဇိုင်နာ ညိုမာသန့်ရဲ့ဝတ်စုံ ၀တ်ဖြစ်မှာပါ။ အရောင်ကတော့ အရောင်စပ်ထားတာဖြစ်ဖို့ များတယ်။ ဖူးစုံ ဒီနှစ်ထဲမှာ စိမ်းဝါကိုအရမ်းကြိုက်နေတယ်။ အဲဒါများဝတ်ဖြစ်မလားမသိဘူး။ မိတ်ကပ်က ကျော်မိုးဖြစ်ဖို့များတယ်။ လက်ဝတ်လက်စားလည်း မညိုမာသန့်ပဲ စီစဉ်ပေးမှာပါ။ သင်္ဂဟဟိုတယ်မှာ တည်းဖြစ်မယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားမယ်။ ရဖို့ကြားတဲ့သူတွေကတော့ ကိုနေတိုးနဲ့ မစိုးကြီးလို့ကြားပါတယ်။

လှအဉ္ဖလီတင့်

ဒီဇိုင်နာဂျိုကာရဲ့ဝတ်စုံ ၀တ်ဖြစ်မှာပါ။ ပိတ်စကတော့ I Give ကုမ္ပဏီက ပံ့ပိုးပေးပါတယ်။ မိတ်ကပ်ကတော့ ဘယ်သူနဲ့လိမ်းဖြစ်မလဲ မသေချာသေးဘူး။ လိမ်းပေးမယ့်သူတွေ များနေလို့ပါ။ ကိုယ့်အစီအစဉ်နဲ့ပဲကိုယ် သွားဖြစ်ဖို့များပါတယ်။ တော်ဝင်ကုမုဒြာမှာတည်းမယ်။ ကိုယ်ရဖို့မရှိပေမယ့် ကိုယ့်မိသားစုအသိုင်းအ၀ိုင်း အနုပညာသမားတွေ၊ ရတဲ့သူတွေအတွက် အားပေးမယ်။ နေတိုး၊ မကြီးစိုး၊ မခိုင်၊ မဆင့်နဲ့ မမို့တို့လို့ကြားပါတယ်။

ခိုင်နှင်းဝေ

ဒီဇိုင်နဲ့အိတ်အတွက်က Seraph က မသက်သက်ခိုင်က စပွန်ဆာပေးပါတယ်။ ကြက်သွေးရောင်ပါတဲ့ အနီရောင်ဝတ်ဖြစ်ပါတယ်။ သင်္ဂဟဟိုတယ်မှာ တည်းမှာပါ။ အစ်မကားက "အတိတ်ရဲ့အရိပ်" တစ်ကားပဲပါတယ်။ သတင်းကြားတာတော့ မကြီးစိုးနဲ့နေတိုးလို့ ကြားပါတယ်။

ချမ်းမီမီကို

သမီးကို ဗန်းကိုင်ထဲပါတယ်ဆိုပြိး လှမ်းလှမ်းမေးကြတယ်။ သမီးဖောင်လည်း မတင်ထားပါဘူး။ သမီးကိုလည်း လူကြီးတွေက ဘာမှမပြောထားသေးပါဘူး။ သမီးက အရပ်ရှည်တော့ပါမယ်လို့လည်း မထင်ပါဘူး။ ပွဲတက်ဖို့ကိုလည်း အစည်းအရုံးမှာ သမီးသွားစုံစမ်းရဦးမှာပါ။

ရွှေစင်

သမီးကို ဗန်းကိုင်ထဲပါတယ်လို့ ပြောကြပါတယ်။ သမီးက ဖောင်လည်းမတင်ထားမိပါဘူး။ အစည်းအရုံးလည်း မ၀င်ရသေးပါဘူး။ တကယ်လို့ ပွဲတက်ရမယ်ဆိုရင် အတတ်နိုင်ဆုံး ကြိုးစားပြီးတက်မှာပါ။ အဲဒီရက်ဝန်းကျင် အလုပ်ကလေးတွေရှိတာကိုတော့ ညှိရမှာပေါ့။

နဒီဝင့်နိုင်

သမီးကို ဗန်းကိုင်ထဲပါလားဆိုပြီး ဖုန်းတွေတောက်လျှောက် ၀င်လာပါတယ်။ သမီး ဖောင်လည်း မတင်ထားမိပါဘူး။ ဗန်းကိုင်ထဲတော့ ပါချင်တာပေါ့အစ်မရယ်။ အကယ်ဒမီပွဲတက်ဝတ်စုံကိုတော့ ဒီဇိုင်နာလတ်လတ်နဲ့ ၀တ်ဖြစ်ပါမယ်။ ဒါမှမဟုတ်ရင် မေဖက်ရှင်နဲ့လည်း ပြောထားတာရှိပါတယ်။ မိတ်ကပ်ကတော့ ဥာဏ်ဥာဏ်(လှည်းတန်း) နဲ့ပြင်မှာပါ။ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားဖြစ်ပါမယ်။ သင်္ဂဟဟိုတယ်မှာ တည်းမှာပါ။

ဂျူးဂျူးကေ

ဗန်းကိုင်ဖို့အတွက် ညီအစ်မနှစ်ယောက်လုံး ဖောင်တင်ထားပါတယ်။ သမီးကို ဗန်းကိုင်ထဲပါတယ်ဆိုပြီး ဖုန်းတွေဝင်လာနေပါတယ်။ လူကြီးတွေကတော့ အကြောင်းမကြားသေးပါဘူး။ ပါတယ်ဆိုရင်တော့ အဲဒီရက်နားတစ်ဝိုက်က အလုပ်တွေ အကုန်ဖျက်ရမှာပေါ့။ သမီးအရမ်းရင်ခုန်နေပါတယ်။

No comments:

Post a Comment