ချစ်ကဗျာ

Tuesday, February 1, 2011

လိုသလို ပုံသွင်းလို့ရတဲ့ ဖယောင်းလေးလို ဖြစ်ချင်တဲ့ မိုးယုစံ













Miss ပြိုင်ပွဲတွေမှာ ဆုတွေ မကြာခဏရခဲ့ပြီး ကြော်ငြာတွေလည်း လက်မလည်အောင် ရိုက်ကူးနေရသလို ဗီဒီယို၊ ရုပ်ရှင်တွေလည်း အဆက်မပြတ် ရိုက်ကူးနေရတဲ့ မိုးယုစံဟာ အနုပညာ နယ်ပယ်မှာ နေရာတစ်ခု ပီပီပြင်ပြင် ရရှိနေပါပြီ။

ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး တည်ငြိမ်တဲ့ မိုးယုစံက လိုသလို ပုံသွင်းလို့ရတဲ့ ဖယောင်းလေးလို ဖြစ်ချင်တယ်လို့ ဆိုပါတယ်။ ဘယ်လိုသဘောနဲ့ ပြောတာလည်းဆိုတာ မေးမြန်း ကြည့်လိုက်တော့ … “ဖယောင်းဆိုတာ လိုချင်တဲ့ပုံစံကို လုပ်လို့ရတယ်။ ဒီလိုပဲ ရုပ်ရှင်ကားတွေ ရိုက်ကူးတဲ့ အခါမှာလည်း ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဇာတ်ကောင် မရွေးဘဲ ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံး သရုပ်ဆောင် တတ်တဲ့သူ ဖြစ်ချင်တယ်။ မိုးယုစံက ကိုယ့်ကိုကိုယ် ဘယ်လို ကာရိုက်တာနဲ့မှ လိုက်တယ်လို့ ပုံမှန်မရှိပါဘူး။

တစ်ခါတလေ ရိုးရိုးအေးအေးလေးနဲ့ ချစ်စရာကောင်းတဲ့ ပုံစံမျိုးလည်း ဖြစ်ချင်တယ်။ တစ်ခါတလေ ခက်ထန်တာ၊ ရဲရင့်တာ၊ ဗီလိန်ခန်းတွေမှာလည်း သရုပ်ဆောင်ရတာပဲ။ ဒါရိုက်တာအကြိုက် ဇာတ်ရုပ်သဘောအရ လိုသလို ပုံသွင်းလို့ရနိုင်တဲ့ ဖယောင်းလို ဖြစ်ချင်တာပါ။ သရုပ်ဆောင် သာမကဘဲ အငြိမ့်မင်းသမီးလိုလဲ ကရတာပဲ။ သီချင်းဆို ရတာလည်း ရှိတာပဲ။ ဘယ်ဘက်ကမဆို စွယ်စုံရတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်တယ်။ ဖြစ်လာအောင်လဲ ကြိုးစားနေတယ်။ ပရိသတ်ရဲ့ အားပေးမှုကြောင့် ဒီလိုဖြစ်လာတာပါ။ ဒါကြောင့် ပရိသတ်ကြီးကိုလည်း ထာဝရ လေးစား ချစ်ခင်နေမှာပါ။”



No comments:

Post a Comment