ချစ်ကဗျာ

Monday, January 31, 2011

ဖြစ်ချင်တာက မော်ဒယ်ပုံစံ ဖြစ်နေတာက လှယဉ်ကျေးမယ်ပုံစံ ကိုယ်လိုချင်သလို မဖြစ်လို့ စိတ်ညစ်ရတဲ့ ခရစ္စတီးနား

Fashion with Christina
Fashion with Christina


မေး - ငယ်သူမို့မသိပါ ပြီးတော့ အနုပညာအလုပ် နည်းသွားလားလို့။

ဖြေ - ဟသွားတယ်ဆိုတာက အရှိန်တစ်ခုပေါ့။ ခရစ္စက မရိုက်တာ မဟုတ်ဘူး။ ရိုက်ထားတာတွေ ရှိတယ်။

တချို့ကားတွေဆို ရိုက်ထားပြီး ခုချိန်ထိ ထွက်မလာ သေးတာတွေတောင် ရှိသေးတယ်။ ခရစ္စကိုယ်တိုင်ကလည်း ကာရိုက်တာတွေ ဇာတ်လမ်းတွေ အရမ်းရွေးခဲ့တယ်။ နောက် ခရီးသွား တာတွေလည်း ဆက်သွားတော့ နည်းနည်း အဆက်ပြတ်သွားသလို ဖြစ်သွားတယ်။

Myanmar Model Christina

Myanmar Model Christina
Myanmar Model Christina
Myanmar Model Christina

Myanmar Model Christina
Myanmar Model Christina

မေး- ဇာတ်ကားတွေ အချိန်ကာလတစ်ခုမှာ ရိုက်ပြီး ထွက်မလာခဲ့တော့ ကိုယ့် Image ကို မထိခိုက်နိုင်ဘူးလား။

ဖြေ - အချိန်တစ်ခုပါပဲ။ လူတိုင်းက သူ့အချိန်နဲ့သူ အဆင်ပြေသွားမှာပါပဲ။ အဲဒီ အတွက်ကြောင့် ဘာမှ ကြီးကြီးကျယ်ကျယ် ထိခိုက်စရာတော့ မရှိပါဘူး။

မေး - ခုချိန်မှာတော့ ဘယ်လို ဖက်ရှင်တွေ စိတ်ဝင်စားလဲ။

ဖြေ - ကိုယ့်အတွက်ဆိုရင်တော့ ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်ကိုပဲ စိတ်ဝင်စားတယ်။ ဖက်ရှင်တွေ ထွက်သမျှတော့ အကုန်လုံးကို မိန်းကလေးဖြစ်တဲ့အတွက် သဘောကျတယ်။ ကိုယ်နဲ့ကျတော့ ကိုယ့်ခန္ဓာ ကိုယ့်အချိုးအစား မျက်နှာပေါက်နဲ့ လိုက်ဖက်တာကို ဝတ်နိုင်ဖို့ အရေးကြီးတယ်။

မေး - အနုပညာရှင်တစ်ယောက် အောင်မြင်ဖို့ ဝတ်စားဆင်ယင်မှုက ဘယ်နှရာခိုင်နှုန်းလောက် အရေးကြီးမယ်ထင်လဲ။

ဖြေ - ဖက်ရှင်က ခုနောက်ပိုင်း ပိုပြီးလိုအပ်တာပေါ့။ ကိုယ်တွေ ငယ်ငယ်တုန်းက ပရိသတ် တစ်ယောက်အနေနဲ့ မင်းသမီးကို ကြည့်ပြီဆို ဖက်ရှင်က အရမ်းလည်း ခေတ်မစား တော့ဘူး။ ခု အင်တာနက် ခေတ်ကျတော့ ဖက်ရှင်တွေကို တစ်နေရာနဲ့ တစ်နေရာ ချက်ချင်းရောက်တယ်။ Website တွေကလည်း လူတွေကို ပိုပြီးအမြင်ကျယ်လာတယ်။ ဖက်ရှင်ကလည်း ပိုပြီးအရေးပါတဲ့ ကဏ္ဍကို ရောက်လာပါတယ်။

မေး - ခရစ္စရဲ့ ခန္ဓာကိုယ် အချိုးအစားက ဆွဲဆောင်မှုရှိတယ်လို့ ပြောကြတယ်။ ကိုယ်တိုင်ကရော။

ဖြေ - အဲဒီလို ပြောတယ်ဆို ပြောတဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ခရစ္စကြားဖူးတာ မိန်းကလေးတွေက သူတို့ရဲ့ ခန္ဓာကိုယ် အချိုးအစားတွေကို စိတ်တိုင်းမကျတဲ့သူ ရာခိုင်နှုန်း တော်တော်များတယ်တဲ့။ အဲဒီထဲမှာ ခရစ္စလည်းပါတယ်။ ကိုယ်က သေးသေး သွယ်သွယ်လေး ဖြစ်ချင်တာ။ ခန္ဓာကိုယ် အချိုးအစားက ခုထက်ပိုပြီး slim ဖြစ်ချင်တာ။ ကိုယ်ဖြစ်ချင်တာ Model ကိုယ်လုံးမျိုး၊ ကိုယ်ဖြစ်နေတာ မယ်ဗမာ ကိုယ်လုံးမျိုး ဖြစ်နေတယ်။ အဲဒီလိုဖြစ်တာကလည်း သူ့မျိုးရိုးဗီဇအရ ဖြစ်တာ။ လေ့ကျင့်ထားတာ မဟုတ်ဘူး။ ပြင်လို့မရလို့တောင် စိတ်ညစ်နေတယ်။

မေး - Show ပွဲတွေရော လျှောက်ဖြစ်သေးလား။

ဖြေ - မင်္ဂလာဝတ်စုံပွဲ တော်တော်များများ လျှောက်ဖြစ်နေတယ်။ ခရစ္စကလည်း ဒီလို Show တွေ လျှောက်ခဲ့ရတာကနေ လာခဲ့တော့ Show လျှောက်ရတာ ကြိုက်တယ်။ မင်္ဂလာဝတ်စုံ ဝတ်ရတာ သဘောကျတယ်။

မေး - Fancy ဝတ်တာနဲ့ မင်္ဂလာဝတ်စုံ ဝတ်တဲ့အခါ စိတ်ခံစားမှုက။

ဖြေ - မင်္ဂလာဝတ်စုံကတော့ ထည်ဝါတာပေါ့။ ခရစ္စ ခန္ဓာကိုယ် အချိုးအစား၊ မျက်နှာပေါက်က အဲဒီလို ထည်ဝါတာတွေ၊ ပွဲနေပွဲထိုင်တွေနဲ့ ပိုလိုက်တယ် ထင်တယ်။ Fancy တွေကျတော့ ကလေးဆန်တယ်။ သိပ်မကြိုက်ဘူး။

မေး - ခုနောက်ပိုင်း ဇာတ်ရွေးချယ်ခဲ့တဲ့အခါ ဘယ်လိုကာရိုက်တာကို အဓိကထားပြီး ရွေးချယ်လဲ။

ဖြေ - ခုနောက်ပိုင်းကျတော့ ပရိသတ်နဲ့ အဆက်မပြတ်အောင်ဘဲ ပေးတဲ့ ကာရိုက်တာ အပေါ် ဘယ်လောက်ထိ လုပ်နိုင်မလဲ စဉ်းစားပြီး ရွေးဖြစ်ပါတယ်။ လုပ်ကွက်လေးတစ်ခု ရမယ်ဆိုရင် သိပ်မရွေးတော့ဘဲ ရိုက်ဖြစ်တယ်။ ဟိုတလောက ဦးဇော်ရိုက်တဲ့ ချောကလက် အချစ် ဇာတ်ကားလေးမှာလည်း ကိုယ် တစ်ခန်း တစ်ကဏ္ဍအနေနဲ့ ပါဝင်ရတယ်ဆိုတဲ့ စိတ်နဲ့ပဲ ရိုက်ခဲ့တယ်။ ခရစ္စတီးနားတို့လို ကြိုးစားနေဆဲ သရုပ်ဆောင်တွေက ဒီလိုအများကြီး လိုအပ်ပါတယ်။

မေး - ခုချိန် ကိုယ့်အတွက် အထူးတလည် ထိန်းသိမ်းရတဲ့အရာတွေ ရှိလား။

ဖြေ - အဲဒီလိုတော့ မရှိပါဘူး။ ကိုယ်က အလုပ်တွေကို စလုပ်ကတည်းက စေတနာ၊ မေတ္တာထားတယ်။ အဲဒါကြောင့် ကိုယ့်အပေါ် အဲဒါတွေက ရောင်ပြန်ဟပ်တယ်လို့ ထင်ပါတယ်။

မေး - အလန်းလွန် အလွန်လန်းမှာဆိုလည်း မင်းသမီးငယ်တွေ အများကြီးပါတယ်နော်။ အဲဒီအတွက် ကြိုတင်ပြင်ဆင်မှုက။

ဖြေ - အဲဒီလို ရိုက်ရတဲ့အတွက် ကိုယ့်စိတ်က နဂိုကတည်းက အေးတော့ စိတ်ပူနေတာ မျိုးလည်း မရှိဘူး။ ဘယ်သူပါတယ်ဆိုတာမျိုးလည်း ထည့်မတွက်ထားဘူး။ ကိုယ်လုပ်ရမယ့် ကိုယ့်ဘောင် စည်းမျဉ်းမှာပဲ ဘယ်လောက်ထိ ကြိုးစားရမှာလဲ ကြိုးစားနိုင်မှု အတိုင်းအတာကို ကြည့်ပြီးပဲ လုပ်သွားပါတယ်။ မင်းသမီး အများကြီး ဆိုပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ပေးထားတဲ့ ကာရိုက်တာတွေလည်း မတူဘူးလေ။ ကိုယ့်ကာရိုက်တာပဲ ကိုယ်အံဝင်အောင် လုပ်ပါတယ်။ ခေတ်ရဲ့ တောင်းဆိုချက်အရရော ပရိသတ်ရဲ့ တောင်းဆိုချက်အရရော ဇာတ်လမ်းမှာ သရုပ်ဆောင်တွေ အများကြီး သုံးတာ ပိုကြိုက်တယ်လို့ ထင်တယ်။

မေး - ခရစ္စ လျှောက်လှမ်းလာတဲ့ တစ်ချိန်လုံးမှာ အတွန်းအတိုက်တွေနဲ့ ကြုံခဲ့ဘူးလား။ ဘယ်လိုကျော်ဖြတ်ခဲ့လဲ။

ဖြေ - ရှိခဲ့တာပေါ့။ ခဏခဏပါပဲ။ စိတ်ထဲမှာတော့ ကြာရှည်ခံစားတာ မရှိဘူး။ သူများအကြောင်းကို စိတ်လည်းမဝင်စားဘူး။ စိတ်ထဲမှာ ရှင်းတဲ့အတွက် အေးအေးဆေးဆေး ရပ်တည်လို့ ရတယ်ထင်တာပဲ။

မေး - မေမေက ခရစ္စကို ဘယ်လို အကြံဉာဏ်တွေပေးလဲ။

ဖြေ -ခရစ္စကို မေမေပဲ ကူညီတာများပါတယ်။ အဝတ်အစား ရွေးတာကအစ မိတ်ကပ်အဆုံးပေါ့။ ရှုတင်ဆိုလည်း ခုချိန်ထိ မေမေ လိုက်ပေးတုန်းပဲ။ တစ်ခါတလေ မေမေ့ကို အားနာတယ်။ ဒီအနုပညာ အသိုင်းအဝန်းက ခရစ္စအတွက် အသစ် မဟုတ်တော့ဘူး။ အားလုံးနဲ့ ရင်းနှီးနေပြီ။ မေမေ နေခဲ့လို့ရပြီဆိုပြီး မနည်းတားနေရတယ်။

မေး - အနုပညာအလုပ်တွေ လုပ်တဲ့အတွက် ချစ်သူနဲ့ ဘယ်လို နားလည်မှုယူထားသလဲ။

ဖြေ - ဒီအလုပ်ကို နားလည်ပေးဖို့က သူ့အတွက်က တော်တော်လေး ခက်ခဲနေတယ်။ အဲဒီအတွက် သေချာနားလည်အောင် ညှိနှိုင်းနေတုန်းပဲ ရှိပါသေးတယ်။ အနုပညာ အလုပ်တွေ လုပ်ဖို့ပဲ ခရစ္စက အားသန်တာဆိုတော့ ဘာတွေ ဆက်ဖြစ်လာဦးမလဲဆိုတာ ခုချိန်မှာ မသိနိုင်သေးဘူး။

မေး - ခရစ္စကရော အိမ်ထောင်ပြုဖြစ်ရင်ရော အနုပညာအလုပ်တွေ ဆက်လုပ်ဖြစ်မှာလား။

ဖြေ - အဲဒါက အခြေအနေအရပဲ။ ဘာမှ ပြောလို့မရသေးဘူး။ အားလုံးက ညှိနှိုင်းဆဲ အနေအထားမှာပဲ ရှိသေးတာ။ အကြောင်းအမျိုးမျိုးက ဘာတွေဖြစ်လာမလဲ မပြောတတ်ဘူး။ နောက်ပြီး ဖူးစာက နတ်ကြီးတယ်။ ဖူးစာပါမှလည်း ရကြတာဆိုတော့ ဘာမှကြိုပြောလို့ မရပါဘူး။

မေး - ပရိသတ်အတွက် ခရစ္စအနေနဲ့ ဘာတွေပြောချင်သေးလဲ။

ဖြေ - ခရစ္စဇာတ်ကားတွေ ရိုက်နေပါတယ်။ အနုပညာအလုပ်တွေ ဆက်လုပ်ဖို့ အားအင်တွေပေးဖို့ မျှော်လင့်နေပါတယ်။ ခရစ္စက မာနမကြီးတတ်ပါဘူး။ ခင်မင်တတ်ပါတယ်။

No comments:

Post a Comment