ချစ်ကဗျာ

Monday, January 31, 2011

နှစ်သစ်ကို ရောက်လာတယ်ဆိုတာ ပညတ်ချက်တွေပါ စိတ်ဖြူစင်အောင်ထားဖို့ပဲ လိုပါတယ် သီရိဆွေ













သီရိကတော့ ဒီနှစ်မှာ ဘာလုပ်မယ်၊ ဘယ်လိုကောင်းအောင် နေထိုင်မယ် ဆိုတာတွေကို ငယ်ငယ်ထဲက ကြိုတင် စဉ်းစားတတ်တယ်။ ငယ်ငယ်ကတည်းက ဒီနှစ်အတန်းထဲမှာ ဘယ်လိုအဆင့်မှာ ရှိတယ်ဆိုရင် နောက်နှစ် ကိုယ်ဘယ်လို ဖြစ်အောင် ကြိုးစားရမလဲ ဆိုတာကို ကြိုပြီး စဉ်းစားတတ်တယ်။

အခု အသက်အရွယ် ရလာတော့ ကိုယ့်ရဲ့အမြင်တွေ Resolution တွေ ပြောင်းလာတာပေါ့။ ငယ်ငယ်တုန်းကတော့ ပညာရေးပေါ့။ ကြီးလာတော့လည်း ကိုယ်ရဲ့ဘဝရှေ့ရေး ဘယ်လိုနေထိုင်ရမယ်။ ဘယ်လိုပုံစံနဲ့ ကိုယ့်ရဲ့ဘဝကို ဖြတ်သန်းမလဲ ဆိုတာတွေကို စဉ်းစားလာရတယ်။ ဒါပေမဲ့ ဘယ်လိုပဲနှစ်တွေ တစ်နှစ်ပြီး တစ်နှစ် ပြောင်းလဲပါစေ။ ကိုယ်ဘယ်အလုပ်ကိုပဲ လုပ်လုပ် ပြီးမြောက် အောင်မြင်အောင် လုပ်ရမယ်လို့ ခံယူထားတယ်။ ပြီးတော့ ကိုယ်လုပ်တဲ့ အလုပ်တွေဟာ ကိုယ့်ကိုယ်ကို အကျိုးပြုနိုင်ရမယ့်အပြင် ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုနိုင်အောင် ပြုလုပ်နိုင်ရမယ်။

သီရိကိုယ်တိုင်လည်း ကိုယ်လုပ်တဲ့ အလုပ်ကို ပြီးမြောက်အောင် လုပ်နေရတယ်။ အခုလည်း ကိုယ်တက်နေတဲ့ ပညာရေးကို ပြီးမြောက်အောင် ကြိုးစားနေရတယ်။ နှစ်သစ်တွေ ဘယ်လိုပဲပြောင်းလဲပါစေ၊ နှစ်တစ်နှစ် ပြောင်းလဲသွားတယ်။ နှစ်သစ်ကို ရောက်လာတယ်ဆိုတာ ပညတ်ချက်တွေပါ။ အဓိက ကိုယ့်ရဲ့စိတ်ကို ဖြူစင်အောင်ထားပြီး အလုပ်ကို ကြိုးစားမယ်ဆိုရင် အောင်မြင်မှုဆိုတာ ရှိလာမှာပါ။ နှစ်သစ်မှာလည်း အပြုသဘောဆောင်ပြီး အန္တရာယ်ကင်းတဲ့ ပျော်ရွှင်ခြင်းတွေနဲ့ပဲ ဖြတ်သန်းကြမယ်ဆိုရင် ပျော်စရာကောင်းမှာပါ။

No comments:

Post a Comment