ချစ်ကဗျာ

Saturday, January 15, 2011

ကြိုးကြာတောင်ပံခတ်သံရုပ်ရှင်ကား ဖေဖော်ဝါရီလတွင် ရုံတင်မည်

ကြိုးကြာတောင်ပံခတ်သံရုပ်ရှင်ကား ဖေဖော်ဝါရီလတွင် ရုံတင်မည်

ချင်းတောင်ဒေသရှိ ချင်းတိုင်းရင်းသားတို့အကြား စေတနာဆရာဝန်ဟု နာမည်ကြီးသူ၊ စွန့်လွှတ်အနစ်နာခံတတ်သည့် ဆရာဝန်တစ်ဦး၏ဘ၀ကို ရိုက်ကူးထားသည့် "ကြိုးကြာတောင်ပံခတ်သံ" ရုပ်ရှင်ဇာတ်ကားကြီးကို ဖေဖော်ဝါရီလဒုတိယပတ်တွင် ရုံတင်ပြသမည်ဖြစ်ကြောင်း ရိုက်ကူးသူဒါရိုက်တာ စင်ရော်မောင်မောင်က ဇာတ်ကားအထူးပွဲပြသသည့်နေ့က ပြောကြားသည်။ ယင်းဇာတ်ကားသည် ၂၀၀၇ ခုနှစ်က စာရေးဆရာလင်္ကာရည်ကျော်၏ အမျိုးသားစာပေဆုရ "ကြိုးကြာတောင်ပံခတ်သံ" ၀တ္ထုကို စင်ရော်ထုတ်လုပ်ရေးအတွက် ဒါရိုက်တာစင်ရော်မောင်မောင်က နေတိုး၊ ကျော်ကျော်ဗို၊ အိန္ဒြာကျော်ဇင်၊ ၀ိုင်းစုခိုင်သိန်း၊ မိုးယုစံ၊ ကေကေမိုးမြင့်တို့နှင့် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။



ဆေးကျောင်းသားသူငယ်ချင်းသုံးဦး၏ ဖြူစင်သော သူငယ်ချင်းသံယောဇဉ်ဘ၀၊ ဆေးကျောင်းသား ဆေးကျောင်းသူဘ၀ အမှတ်တရပုံရိပ်များ၊ စွန့်လွှတ်အနစ်နာခံ စေတနာကြီးမားလွန်းကာ ကိုယ်ကျိုးစွန့်ကုသကယ်ဆယ်တတ်သည့်အတွက် တာဝန်ကျသည့်ဒေသ၏ နာမည်နှင့်တွဲဖက်ပြီး ချင်းတောင်လတ်ငြိမ်းဟု နာမည်ကြီးလာခဲ့သည့် ဒေါက်တာလတ်ငြိမ်း(နေတိုး)၏ သရုပ်ဆောင်မှုများကို ခံစားကြည့်ရှုရမည်ဖြစ်သည်။ ချင်းတောင်တန်းအလှအပများ၊ တောင်တန်းနှင့်တိမ်တိုက်များ၊ ချင်းတိုင်းရင်းသားများကိုပါ ထည့်သွင်းရိုက်ကူးထားပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ဓါတ်ပုံဆုရရှိနိုင်သည့် ဇာတ်ကားတစ်ကားလည်းဖြစ်ဖွယ်ရှိနေသည်။ "ကြိုးကြာတောင်ပံခတ်သံ" ဇာတ်ကားသည် ၂၀၀၉ ခုနှစ် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး နေတိုးအတွက် အကယ်ဒမီရရှိနိုင်သည်ဟု ခန့်မှန်းထင်ကြေးပေးနေကြသည့် ဇာတ်ကားလည်းဖြစ်သည်။ ဇာတ်ကားအထူးပွဲပြသသည့် အခမ်းအနားသို့ ဇာတ်ကားတွင် သရုပ်ဆောင်များဖြစ်ကြသော နေတိုး၊ မိုးယုစံ၊ ၀ိုင်းစုခိုင်သိန်းတို့တက်ရောက်ကြပြီး အိန္ဒြာကျော်ဇင်က ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့် လာရောက်ကြည့်ရှုခဲ့သည်ကိုလည်း တွေ့ရသည်။ ရေးသားသူ -

No comments:

Post a Comment