ချစ်ကဗျာ

Saturday, January 15, 2011

ချစ်သူက အနုပညာအသိုင်းအဝိုင်းထဲက မဟုတ်ဘူးလို့ဆိုတဲ့ ဝိုင်းစုခိုင်သိန်း
“အချစ်ရေးက စိတ်ချမ်းသာပါတယ်။ အေးအေးဆေးဆေးပါပဲ”

ချစ်သူက အနုပညာအသိုင်းအဝိုင်းထဲက မဟုတ်ဘူးလို့ဆိုတဲ့ ဝိုင်းစုခိုင်သိန်း

နှစ်သစ်ကူးရာသီတွင် ရှိုးပွဲများ ဆက်တိုက်သီဆိုနေရသော အဆိုတော်သရုပ်ဆောင် ဝိုင်းစုခိုင်သိန်းက သူမ၏ချစ်သူမှာ အပြင်လောကမှသူဖြစ်ပြီး အနုပညာလောကထဲမှ မဟုတ်ကြောင်း “ကြိုးကြာတောင်ပံခတ်သံ” ရုပ်ရှင်ဇာတ်ကား အထူးပွဲတက်ရောက်လာစဉ်က မေးမြန်ခဲ့ခြင်းကို ပြန်လည်ဖြေကြားသည်။ ဝိုင်းစုခိုင်သိန်းအား သူမ၏ လက်ရှိအချစ်ရေး အခြေအနေကို မေးမြန်းရာ “အချစ်ရေးက စိတ်ချမ်းသာပါတယ်။ အေးအေးဆေးဆေးပါပဲ”ဟု ဖြေကြားခဲ့ပြီး အပြင်လောကတွင် သတင်းများထွက်ပေါ်နေသော နာမည်ရနေပြီးဖြစ်သည့် တက်သစ်စဂီတသမားလေး တစ်ဦးနှင့် ချစ်သူများဖြစ်နေပြီဆိုခြင်းကိုလည်း သူမက “အဲဒါလည်း မဟုတ်ပါဘူးလို့။ ဘယ်သူလဲဆိုတာကိုတော့ ပရိသတ်ကြီး စောင့်ကြည့်ရင် သိမှာပါ”ဟု ဖြေကြားသွားခဲ့သည်။ ဝိုင်းစုခိုင်သိန်းသည် ဒုတိယစီးရီးအတွက် အသံသွင်းယူရန် အချို့သီချင်းများကျန်ရှိနေကြောင်းနှင့် ရွှေဂျော်ဂျော်၊ ဆောင်းဦလှိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဇဝါ၊ Ar.T တီ၊ အောင်လ (Reason)တို့ ပါဝင်ရေးသားထားကြသည်။ ပထမစီးရီးနှင့် တတ်နိုင်သမျှတူအောင်၊ မပြောင်းလဲအောင် စီစဉ်ထားပြီး ပရိသတ်များကလည်း ပထမစီးရီးနှင့် ပုံစံတူလေးတွေသာ ဆိုစေချင်ကြောင်း အကြံပေးကြသည်ဟု ပြောကြားသည်။ အကယ်ဒမီပွဲတက်ရန် ဝတ်စုံစပွန်ဆာပေးထားသူ သုံးလေးဦးခန့်ရှိနေပြီး သူမနှင့် အလိုက်ဖက်ဆုံးဝတ်စုံကို ရွေးချယ်ဝတ်ဆင်သွားမည်ဖြစ်ကြောင်း ဝိုင်းစုခိုင်သိန်းက ပြောသည်။

No comments:

Post a Comment