ချစ်ကဗျာ

Showing posts with label နေမင်း. Show all posts
Showing posts with label နေမင်း. Show all posts

Saturday, January 29, 2011

မုသားမပါ လင်္ကာမချောတဲ့ နေမင်း


မုသားပြောတဲ့နေရာမှာ ယောက်ျားတွေက မိန်းမတွေထက် ပိုများတယ်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာ ရှေးပုံပြင်တွေ ရှိပါတယ်။ မုသားမပါ လင်္ကာမချောတဲ့။ အဲဒီ စကားပုံပေါ်မှာ တချို့တွေကျတော့လည်း လက်တစ်လုံးခြား လုပ်တတ်ကြတယ်။

တကယ်တမ်းကျတော့ မုသားမပါဘဲ စကားပြောလို့ မရဘူး။ ကိုယ်သုံးလိုက်တဲ့ မုသားကလည်း ကောင်းတဲ့ မုသားဖြစ်ဖို့ လိုအပ်တယ်။ ဥပမာ ကျွန်တော်တို့ သရုပ်ဆောင်တွေကိုပဲကြည့် သူပျော်ရွှင်ရမယ့် အိုက်တင်လုပ်ရမယ့်အချိန်မှာ နောက်မှာ သူ့အမေ သေသွားတယ်ဆိုတဲ့ သတင်းမျိုးကို ပြောလိုက်ရင် သူ့ရဲ့ သရုပ်ဆောင်မှုတွေ လျှော့ကျတော့မယ်။ အဲဒီတော့ မင်းအမေ နေမကောင်းဘူး။ ဒီလို မုသားမျိုး ပြောလိုက်တဲ့ အတွက် တဒင်္ဂ စိတ်ချမ်းသာသွားတယ်။ အဲဒီလို မုသားမျိုးက ပြောသင့်တယ်၊ သုံးသင့်တယ် ထင်တယ်။

ကျွန်တော့်ဘဝမှာလည်း မလွဲမသွေ မုသားသုံးခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ဖူးပါတယ်။ ကျွန်တော်ရယ်၊ ကျွန်တော့်အမေရယ် ပဲခူး အဝေးပြေးဝင်းကြီး စဖောက်တဲ့ အချိန်တုန်းက မဟာစေတီဘက်ကို ဖြတ်တက်လို့ရတဲ့လမ်း ရှိတယ်။ အဲဒီလမ်းကို အမှန်တကယ် မရောက်ဖူးဘူး။ အမေ့ကိုကျတော့ ရောက်ဖူးတယ်ဆိုပြီး ညာခေါ်သွားတယ်။ လမ်းရိုးအတိုင်း သွားရင် အဝေးကြီးသွားရမှာစိုးလို့ ဖြတ်လမ်းက သွားတာ။ အဲဒီ တောထဲလည်းရောက်ရော လမ်းမမှတ်မိဘူး။ အမေက ဟုတ်ရောဟုတ်ရဲ့လားဆို မေးတာ။ ခပ်တည်တည်နဲ့ ရွှီးပြီး မျက်လုံးနဲ့မှန်းပြီး ဖြတ်ချသွားတာ။ တကယ်ကိုပဲ အဲဒီလမ်းထိပ်ကို ရောက်သွားခဲ့တယ်။

အဲဒီလို မုသားသုံးခဲ့တဲ့အတွက် သားအမိနှစ်ယောက်လုံး ကိုယ်ရောက်ချင်တဲ့ နေရာကို မြန်မြန်ဆန်ဆန် ရောက်သွားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ စိတ်ပင်ပန်းတာပေါ့။ ခုလိုမျိုး မင်းသားဖြစ်ပြန်လို့ ကိုယ့်ရဲ့အချစ်ကို လိမ်ညာဖုံးကွယ်တာမျိုးလည်း မရှိပါဘူး။ အချစ်က ရင်ထဲမှာ အမြဲရှိပါတယ်။ မုသားပြောမယ် ဆိုရင်တော့ လူတစ်ဖက်သားလည်း စိတ်ချမ်းသာမယ်။ ကိုယ့်အတွက်လည်း မထိခိုက်ဘူး ဆိုရင်တော့ သုံးစေချင်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ကိုယ့်အတွက်ပဲ အကျိုးရှိပြီး သူ့အတွက် အမှားကောင်း မှားသွားနိုင်တဲ့ မုသားမျိုးဆိုရင် မသုံးတာ ကောင်းပါတယ်။

Friday, January 28, 2011

တစ်ယောက်ဆို တစ်ယောက်ပဲ ချစ်သွားမယ် နေမင်း


အခုတလော အချစ်ရေးကိစ္စတွေနဲ့ နာမည်ကြီးနေတဲ့ နေမင်းက “အချစ်ကို ဘယ်လို အဓိပ္ပာယ်ဖွင့်ချင်လဲဆိုတော့ အချစ်ဆိုတာ နက်ရှိုင်းသလို ကျယ်လည်း ကျယ်ပြန့်တယ်။ လိုချင်တပ်မက်မှုနဲ့ ချစ်ရင်တော့ အဲဒီအချစ်က တည်မြဲမှာ မဟုတ်သလို ရည်ရှည်လည်းတည်တံ့ဖို့ မလွယ်ဘူးလေ။ တစ်ယောက်နဲ့တစ်ယောက် ပေးဆပ်မှုတွေနဲ့ပဲ ချစ်မယ်ဆိုရင် အဲဒါက ကောင်းလည်းကောင်းသလို ရေရှည်လည်း တည်မြဲတယ်။

ပိုပြီးလည်း လေးနက်မယ်လို့ထင်တယ်။ ကိုယ်ချစ်ခဲ့သမျှတော့ ပေးဆပ်ပြီး ချစ်ခဲ့တာပါ။ ကိုယ်ချစ်တဲ့ မိန်းကလေးအတွက် ရင်ဆိုင်ရဲပါတယ်။ ဒီအသက်အရွယ်မှာတော့ ဦးနှောက်ရော နှလုံးသားရော ပါလာပြီလေ။ အဲဒီအတွက် သေသေချာချာ စဉ်းစားပြီးမှ ရင်ဆိုင်တာဖြစ်မှာပါ။ အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်မှာပါ။

နှစ်ဦးနှစ်ဖက်စလုံး ရင်ဆိုင်ရင်တော့ ပိုအဆင်ပြေမှာပါ။ အချစ်ဆုံးဆိုတာရှိလာပြီး နောက်ထပ် ပေါ်လာနိုင်သေးလားဆိုတာကို အသည်းကွဲပြတိုက်ဆိုတဲ့ကားမှာ ရိုက်ထားတယ်။ လူတစ်ယောက်က အချစ်တွေ အများကြီးချစ်လို့ရတယ်။ ချစ်ပုံ ချစ်နည်းချင်းတော့ မတူကြဘူး။ ကိုယ်ကတော့ အစွဲအလမ်းကြီးတဲ့အတွက် တစ်ယောက်ဆို တစ်ယောက်ပဲ ချစ်သွားမယ်လို့ စဉ်းစားထားတယ်။

လူ့စိတ်ဆိုတာက ပြောလို့မရဘူးလေ။ ကိုယ်က ဘယ်သူ့ကိုချစ်မယ်လို့ သတ်မှတ်ချက် မထားပါဘူး။ အဓိက မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကို လိုချင်တာပါ။ ဘယ်လိုလဲ ဆိုတော့ ဖြူစင်ခြင်းတွေနဲ့ ပြည့်နှက်ပြီး နားလည်မှုရှိတဲ့ ပေးဆပ်တဲ့ ချစ်ခြင်းမျိုးနဲ့ ချစ်တတ်တဲ့သူတို ပိုအဆင်ပြေမယ် ထင်ပါတယ်။ အခုကတော့ အမေ့ဆီက ဖြူစင်တဲ့မေတ္တာတွေ အပြည့်အဝရနေပါတယ်” လို့ ဖြေကြားသွားပါတယ်။