ချစ်ကဗျာ

Showing posts with label ဝိုင်းစုခိုင်သိန်း. Show all posts
Showing posts with label ဝိုင်းစုခိုင်သိန်း. Show all posts

Saturday, January 29, 2011

ဘဝမှာ ဝိုင်းစု အမုန်းဆုံး ယောက်ျားမျိုးက ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ်ပိုင်ရပ်တည်မှုမရှိတဲ့ ယောက်ျား ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး ကိုယ်ချင်းစာနာစိတ်မရှိတဲ့ ယောက်ျားမျိုးကို မုန်းတယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ ဖွင့်ဟဝန်ခံချက်


ယူရေနီယံ အကခန်းမမှာ Dancer လေ့ကျင့်နေတဲ့ ဝိုင်းစုဆီကို အရောက်သွားရင်း ပွင့်ပွင့်လင်းလင်း အင်တာဗျူးတစ်ခု လုပ်ခဲ့ပါတယ်။ အချစ်နဲ့ပတ်သက်ပြီး ပြောရရင် ဝိုင်းစုသိသလောက်က အချစ်က တစ်ခါတလေ ချိုမြိန်မှုတွေပေးပြီး တစ်ခါတလေ ခါးသီးမှုတွေ ပေးပါတယ်။ ရသမျိုးစုံပါပဲ။

ဘဝမှာ ဝိုင်းစုမုန်းတဲ့ ယောက်ျား တစ်ယောက်ရဲ့ အကျင့်စရိုက်မျိုးကို ပြောပါဆိုရင် အဓိကက ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်ရပ်တည်မှုမရှိဘဲ သူများပြောတာ နားထောင်တတ်တဲ့ ယောက်ျားမျိုး၊ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ပြီး ကိုယ်ချင်းစာနာစိတ် မရှိတဲ့ ယောက်ျားမျိုးကို မုန်းတယ်။

ဝိုင်းစုကြုံခဲ့ရတဲ့ ဘဝပြဿနာတွေကို ဘယ်လိုဖြေရှင်းလဲဆိုရင် ဝိုင်းစုက နည်းနည်း ခေါင်းမာတယ်။ ဒါပေမဲ့ စိတ်ပျော့လွယ်တယ်။ ဝိုင်းစုမလုပ်ချင်တာကို ဘယ်သူမှ ခိုင်းလို့မရဘူး။ အဲဒါတစ်ခုကို ဖြစ်ဖြစ်ချင်း ဝုန်းဒိုင်းကြဲ ဖြေရှင်းတတ်ပေမယ့် စိတ်ငြိမ်သွားတဲ့အခါ သေချာအေးအေးဆေးဆေး စဉ်းစားပြီး ရွေးချယ်တယ်။ ဖြစ်ဖြစ်ချင်းတော့ ဝိုင်းစုက စိတ်လောတယ်။ တစ်ခုခုပြောလိုက်ရမှ ပြီးရင်တော့ အေးဆေးဖြစ်သွားတယ်။

ရှေ့လျှောက် ဝိုင်းစုရဲ့ဘဝမှာ အေးအေးချမ်းချမ်းနဲ့ ကိုယ့်မိသားစုလေးနဲ့ ဖြတ်သန်းချင်တယ်။ စိတ်ချမ်းသာဖို့က လူ့ဘဝမှာ အဓိကပါ။ အဲဒါကြောင့် စိတ်ချမ်းသာမှုကိုပဲ ရွေးချယ်သွားမှာပါ။ ဝိုင်းစုရဲ့ အချစ်နဲ့ပတ်သက်ပြီး ဆုတစ်ဆုကို တောင်းပါဆိုရင် ကိုယ်ချင်းစာနာစိတ်ကင်းပြီး လူမဆန်တဲ့ မိသားစုပတ်ဝန်းကျင်နဲ့ ဆက်နွယ်တဲ့ချစ်သူမျိုးနဲ့ ဝေးပါစေလို့ပဲ ဆုတောင်းချင်ပါတယ်။