ချစ်ကဗျာ

Showing posts with label မယ်လိုဒီ. Show all posts
Showing posts with label မယ်လိုဒီ. Show all posts

Sunday, January 30, 2011

မုသားတွေချည်းပဲ ပြောနေမယ်ဆိုလည်း လင်္ကာမချောနိုင်ဘူး မယ်လိုဒီ














မုသားပြောတဲ့နေရာမှာ ယောက်ျားတွေက မိန်းမတွေထက် ပိုတယ်စကားပေါ် အမြင်ကို ပြောရမယ်ဆိုရင် မုသားမပါ လင်္ကာမချော ဆိုတဲ့ စကားလည်း ရှိပါတယ်။ ဒါပေမဲ့ မုသားချည်းပဲ ပြောနေမယ်ဆိုရင် လင်္ကာ မချောနိုင်ပါဘူး။ မျိုးမျိုးတို့ အနုပညာ သမားတွေကျတော့ ပရိသတ်အကြိုက် နေရတာလေ။ မျိုးတို့ ငယ်ငယ်တုန်းကဆို ဇာတ်ကားတွေကြည့်ပြီး မင်းသားနဲ့ မင်းသမီးလိုက်ရင် သူတို့နှစ်ယောက်ကို ယူစေချင်ကြတာလေ။ ကိုယ့်ဘာသာကိုယ် စိတ်ကူးယဉ်ပြီး ပေးစားကြတာလေ။

ခုခေတ်ကျတော့ လူတစ်ယောက်နဲ့ တစ်ယောက် မတူဘူးပေါ့။ တချို့ကျတော့ ကိုယ်ကြိုက် တဲ့ မင်းသားတစ်ယောက် အိမ်ထောင်ကျသွားရင် အားပေးတာ နည်းသွားတာမျိုး ရှိတယ်။ အဲဒီလိုမျိုးဆိုတော့ ယောက်ျားလေးတွေက မိန်းကလေးတွေ ထက် အိမ်ထောင်တစ်ခုမှာ ဆိုလည်း အိမ်ဦးနတ်ဆိုတာပဲ ရှိတာလေ။ ဇာတ်ကားတစ်ကားမှာဆိုလည်း မင်းသားက Leader ပဲလေ။ အဲဒီအခါကျတော့ သူတို့က မိန်းမတွေထက် ပိုပြီးအောင်မြင်မှုရော၊ ဘာရော ပိုလိုချင်ကြတယ်လို့ မျိုးလက်ခံထားတယ်။ အဲဒီအတွက် ယောက်ျားတွေက ပိုလိမ်တာ ဖြစ်နိုင်ပါတယ်။ မျိုးလည်း လိမ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူများတွေကို ထိခိုက်စေချင်လို့ မဟုတ်ဘူး။ ပရိသတ် မချစ်မှာစိုးလို့ပါ။


အခုတလော နာမည်တက်လာတဲ့ မြန်မာ မော်ဒယ် နှင့် သရုပ်ဆောင် မယ်လိုဒီ ပါ။ မယ်လိုဒီ ရဲ့ စွဲမတ်ဖွယ် ဖက်ရှင်လျှောက်ဟန် ပါ။ မယ်လိုဒီက အခုဆိုရင် မြန်မာဗွီဒီယိုဇာတ်ကား အချို့မှာပါ သရုပ်ဆောင် အသစ်တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်နေပြီး အောင်မြင်မှု ရနေသူလေးပါ။ မယ်လိုဒီကို နာမည်ကျော် Fashion Show တော်တော်များများ မှာလည်းတွေရပါတယ်။