ချစ်ကဗျာ

Showing posts with label မင်းမော်ကွန်း. Show all posts
Showing posts with label မင်းမော်ကွန်း. Show all posts

Friday, January 28, 2011

ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာ အရုပ်ဆိုင်ထွက်ဖို့ပြင်နေတဲ့ မင်းမော်ကွန်း




မိုးယုစံ၊ မိုးပြည့်ပြည့်မောင်တို့နဲ့ ဗီဒီယိုရိုက်ကူးနေတဲ့ မင်းမော်ကွန်းက Rဇာနည်ရဲ့ “အဆိပ်တက်အိပ်မက်” စီးရီးခေါင်းစဉ်သီချင်းကို ရေးပေးခဲ့တဲ့သူပါ။ ခေါင်းစဉ်သီချင်း ရေးပေးဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး …

“ကိုဇာနည်က ရေးခိုင်းလို့ပါ။ သီချင်းနဲ့ လိုက်ဖက်မယ့်အကြောင်းအရာကို စဉ်းစားပြီးတော့ အကြောင်းအရာလေး ရပြီဆိုတော့မှ ရေးဖြစ်တာပါ။ ကိုယ်တိုင် ရေးပြီးဆိုရတာထက် သူများကို ရေးပေးပြီးတော့ ပြန်နားထောင်ရတာ တစ်မျိုးလေးပေါ့” ဟု ပြောပြပါတယ်။

မင်းမော်ကွန်းက သူ့ရဲ့ “အရုပ်ဆိုင်” စီးရီးခွေနဲ့ပတ်သက်ပြီး … “ကျွန်တော့်အခွေက အခု Mixing က ၄ ပုဒ်လောက် ကျန်သေးတယ်။ ကျွန်တော်ကတော့ ပထမက အခု ဒီဇင်ဘာလောက်ကို အမီထွက်မယ်ဆိုပြီး မှန်းထားတာ။ ဒါပေမဲ့ ရှေ့နှစ်ထဲမှာပဲ ထွက်ဖြစ်တော့မယ်။ Mixing ပြီးတာနဲ့ တန်းပြီးထွက်မှာပါ။ ကျွန်တော်ထင်တာကတော့ ဇန်နဝါရီ၊ ဖေဖော်ဝါရီလောက် ထွက်ဖြစ်ဖို့ မှန်းထားပါတယ်။ အခုလောလောဆယ် အားလုံးပေါင်း သီချင်း ၁၅ ပုဒ်ရှိတယ်။

အဲဒီအထဲက ပြန်ပြီးတော့ ဘယ်သီချင်းဖြုတ်ရမလဲ မသိဘူးဖြစ်နေတယ်။ ဖြုတ်ဖို့ကလည်း နှမြောနေတယ်။ ဒီအခွေထဲမှာ အဓိကကတော့ ကျွန်တော်ကိုယ်တိုင် ကြိုက်တဲ့ဟာကိုပဲ လုပ်တာပါ။ ပရိသတ်နဲ့ ထပ်တူကျဖို့ကျတော့ ကံတရားပါပဲ။ ဒါပရိသတ်က သူတို့ဘာသာ ဆုံးဖြတ်ပါလိမ့်မယ်။ ပရိုမိုးရှင်းအတွက်တော့ သေသေချာချာ မစဉ်းစားရသေးဘူး။ ကျွန်တော် အခမဲ့ရှိုးတစ်ပွဲတော့ လုပ်ဖြစ်မယ်ထင်ပါတယ်။ နေရာကတော့ ပရိသတ် များများဆံ့မယ့် နေရာမှာလုပ်မယ်” လို့ ပြောခဲ့ပါတယ်။

Saturday, January 22, 2011


မင်းမော်ကွန်းက အကောင်းဆုံးအမျိုးသား သရုပ်ဆောင်ဆု ဆွတ်ခူးခဲ့ဘူးသူ ဖြစ်သလို အဆိုတော် တစ်ယောက်အနေနဲ့ လည်း အောင်မြင်မှုရရှိနေသူဖြစ်ပါတယ်။