ချစ်ကဗျာ

Showing posts with label နဝရတ်. Show all posts
Showing posts with label နဝရတ်. Show all posts

Friday, January 28, 2011

စင်ကာပူမှာ တည်းဖြတ်မယ့် နဝရတ် တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ

သူမကိုယ်တိုင် ထုတ်လုပ်ရိုက်ကူးတဲ့ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားကြီးအတွက် နောက်ခံတေးဂီတ တီးခတ်မှုကို သုံးလကျော် အချိန်ယူ တီးခတ်ခဲ့ရတယ်လို့ နဝရတ်က ဆိုပါတယ်။

“ဒီဇာတ်ကားကို နဝရတ်က အကောင်းဆုံး လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ထားတယ်။ ဖလင်ပြောင်းတာကိုလည်း စင်ကာပူမှာ သွားလုပ်မယ်။ ငွေကြေးကို အဓိကမထားဘဲ ဇာတ်ကားကောင်း တစ်ခုဖြစ်လာဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ မိဘမေတ္တာကို ဖော်ကျူးတဲ့ ဇာတ်လမ်းလေး ပါပဲ” လို့ နဝရတ်က ထုတ်ဖော်ပြောကြားပါတယ်။ တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီဇာတ်ကားကို ဝါလကင်းလွတ် သီတင်းကျွတ်တဲ့အချိန်မှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။