ချစ်ကဗျာ

Showing posts with label စည်သူမောင်. Show all posts
Showing posts with label စည်သူမောင်. Show all posts

Friday, January 28, 2011

အချစ်ကို ဘဝတစ်ခုလုံးအတွက် ကိုးကွယ်ပြီးခံစားတာ လုံးဝလက်မခံပါဘူး စည်သူမောင်

အချစ်က ကျွန်တော့်အထင် လက်ရှိ ခံစားမှုနဲ့ပဲ ဆိုင်မယ်ထင်တယ်။ ဘဝနဲ့ ပတ်သက်လာရင် အချစ်က သေးသေးလေးပါဆိုပြီး ခံစားတတ်တဲ့သူတွေ ရှိသလို ငါ့အတွက် အချစ်က မရှိမဖြစ်ဆိုပြီး ခံစားမှုမျိုးနဲ့ ခံစားတဲ့သူတွေလည်း ရှိတာပဲ။ အချစ်ရှိမှ ဘဝရှင်သန်မယ်ဆိုပြီး အချစ်ကို ဘဝတစ်ခုလုံးအတွက် ကိုးကွယ်ပြီး ခံစားတာမျိုးတော့ လုံးဝလက်မခံပါဘူး။

ကိုယ့်ကို ကျွေးမွေးပြုစုထားတဲ့ အဖေ၊ အမေ ရှိသေးတယ်။ မိသားစု ညီအစ်ကို မောင်နှမရှိတယ်။ အချစ်မရှိပေမယ့် ကိုယ့်မိသားစုရှိသလို ချစ်သူလည်း ရှိမယ်ဆိုရင်တော့ ပိုပြီးပြည့်စုံသွားတာပေါ့။ အဲဒီ့မှာမှ ကိုယ့်အလုပ်ကလည်း အဆင်ပြေမယ်ဆိုရင်တော့ အတိုင်းမသိပေါ့။ အချစ်က ခံယူတဲ့သူအပေါ်မှာပဲ မူတည်တာပါ။ ကျွန်တော်ကတော့ အချစ်မရှိလည်း ရပါတယ်။

ပရိသတ်ရှိတယ်။ မိဘ၊ မိသားစုရှိတယ်ဆိုတဲ့ စိတ်မျိုးနဲ့ နေနိုင်ရင်လည်း ရတာပဲလေ။ အချစ်ကို ကိုးကွယ်ချင်တဲ့ လူငယ်တွေလည်း ကိုးကွယ်ကြပါစေ။ အချိန်တန်လို့ရှိရင် သူတို့လည်း အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီးသွားရင် ဩော် ဒီလိုရှိပါလားဆိုပြီး သိသွားမှာပဲလေ။ လူငယ်အရွယ်မှာတော့ လူငယ်တစ်ယောက်ရဲ့ ခံစားမှုကို အပြည့်အဝ ပျော်ရွှင်မှုကို ခံစားစေချင်ပါတယ်။ ဒါကိုလည်း အပြစ်မြင်စရာအကြောင်း မရှိပါဘူး။ အချိန်တန်တော့ အားလုံးက ပုံမှန်ဖြစ်သွားတာပါပဲ။