ချစ်ကဗျာ

Showing posts with label ဂန္တ၀င်. Show all posts
Showing posts with label ဂန္တ၀င်. Show all posts

Saturday, January 29, 2011

သတို့သမီးတို့ လှပစေဖို့အတွက်ဂန္တ၀င်



မင်္ဂလာပွဲတစ်ခုအတွက် သတို့သမီးရဲ့ မိတ်ကပ်လိမ်းခြယ်မှုဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ မိတ်ကပ်မပြင်ဆင်ခင်မှာ အိပ်ရေးဝအောင် အိပ်ပါမှ မျက်နှာဟာ ပြည့်တင်းပြီး မျက်ကွင်းမညိုမှာပါ။ သန့်ရှင်းနေတဲ့ သင့်မျက်နှာပေါ်မှာ ဖောင်ဒေးရှင်း လိမ်းခြယ်ပါမှ မှန်ကန်တဲ့အရောင်ကို ရွေးချယ်နိုင်ပြီး ပိုမိုပေါ်လွင်ပါလိမ့်မယ်။

တောက်ပတဲ့ နှုတ်ခမ်းနီအရောင်ဟာ သင့်နှုတ်ခမ်းကို အားအင်ပြည့်စေပြီး သဘာဝဆန်တဲ့ အရောင်တွေကတော့ သင့်မျက်လုံးကို ပိုမိုလှပစေပါတယ်။ ကြည်လင်တောက်ပတဲ့ မျက်လုံးတစ်စုံရှိရင် လူတိုင်းငေးကြည့်နေနိုင်ပေမယ့် မျက်လုံး အတွက်သုံးတဲ့ မိတ်ကပ်တွေကို အများကြီး မသုံးပါနဲ့။ သင့်မျက်လုံးအောက်က အနက်ရောင်အနည်းငယ်နဲ့ အစက်အပြောက် အချို့အတွက် ကွန်ဆဲလ်လာကိုသာ အနည်းငယ်သုံးပါ။ မျက်လုံးတစ်ဝိုက်မှာ ထူလွန်းတဲ့မိတ်ကပ်နဲ့ တောက်ပြောင်လွန်းတဲ့ ရှဲဒိုးတွေဟာ သင့်ဓာတ်ပုံကိုပါ ကြည့်ရဆိုး စေပါတယ်။

မျက်တောင်ကော့ဆေး (Mascara) ကို ရေစိုခံတဲ့ အမျိုးအစားရွေးသုံးပြီး ပထမဆုံး တစ်ထပ်ဆိုးကာ ခြောက်သွားရင် မျက်တောင်ကော့စက်နဲ့ ကော့လိုက်ပြီးမှ နောက်ထပ် တစ်ထပ် ထပ်ဆိုးပါ။ မျက်တောင်အတုတပ်မယ်ဆိုရင်လည်း ပထမဆုံး မူလမျက်တောင်ကို အရင်ဆုံး Mascara ဆိုးပြီးမှ မျက်တောင်အတုတပ်ကာ နောက်တစ်ထပ် ထပ်ဆိုးပါ။ အိုင်းလိုင်နာ အရည်အမျိုးအစားက မျက်လုံးကို စူးရှနေစေတာကြောင့် ခဲတံနဲ့ အမှုန့် အမျိုးအစားကိုသာ သုံးပါ။ ဖိနပ်ရွေးချယ်ရာမှာလည်း အပါးပဲဖြစ်စေ၊ ဒေါက်မြင့်ပဲဖြစ်စေ လှပကြော့ရှင်းနေဖို့ထက် စီးလိုက်ရာမှာ သက်သောင့်သက်သာရှိပြီး လမ်းလျှောက်ချိန်မှာ စမတ်ကျစေဖို့ အရေးကြီးပါတယ်။

ဒေါက်မြင့်ဖိနပ်ကတော့ သတို့သမီးတစ်ယောက်အတွက် ပြီးပြည့်စုံတဲ့ အလှတစ်ခု ဖန်တီးပေးနိုင်ပါတယ်။ မင်္ဂလာပွဲမတိုင်မီ သင်ဝယ်ထားတဲ့ဖိနပ်နဲ့ တစ်မိုင်လောက် လမ်းလျှောက်ကြည့်လို့ သင့်ခြေထောက်တွေ နာကျင်မှုခံစားရရင်တော့ အဲဒီ့ဖိနပ်ကို သင့်မင်္ဂလာဆောင်မှာ မစီးသင့်တော့ပါဘူး။ သတို့သမီးတွေအတွက် ပိတ်သားနဲ့ ချုပ်ထားတဲ့ ဒေါက်ဖိနပ်ဟာ အသင့်တော်ဆုံးပါ။ လယ်သာအပျော့စားနဲ့ ချုပ်ထားတဲ့ ဖိနပ်ဟာ ဈေးကြီးပေမယ့် ခြေထောက်နာကျင်မှု မရှိစေပါဘူး။ ဖိနပ်ကို ပန်းစည်းနဲ့ လိုက်ဖက်တာမျိုး ရွေးချယ်နိုင်ပြီး ဖိနပ်မှာ ဇာပန်းထိုးတာမျိုး၊ ပုတီးစေ့၊ ကျောက်တွေနဲ့ အလှဆင်ပြီးလည်း ဝတ်ဆင်နိုင်ပါတယ်။