ချစ်ကဗျာ

Showing posts with label ချမ်းချမ်း. Show all posts
Showing posts with label ချမ်းချမ်း. Show all posts

Friday, January 28, 2011

စင်ကာပူနိုင်ငံထုတ် ဆံပင်နဲ့ပတ်သက်တဲ့ ပစ္စည်း ၆ မျိုးအတွက် Brand Ambassador အဖြစ် ခန့်အပ်ခြင်းခံရတဲ့ ချမ်းချမ်း




စင်ကာပူနိုင်ငံက ထုတ်လုပ်တဲ့ ဆံပင်နဲ့ ပတ်သက်တဲ့ ပစ္စည်း ၆ မျိုးအတွက် ချမ်းချမ်းကို စင်ကာပူနိုင်ငံမှ ဒါရိုက်တာ၊ ကင်မရာမင်း(န်)တွေနဲ့ ကြော်ငြာဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရပါတယ်။ ဒီကြော်ငြာ ဓာတ်ပုံအတွက် လွန်ခဲ့တဲ့ ဇွန်လလောက် ကတည်းက ရိုက်ကူးဖို့ လက်ခံဖြစ်ခဲ့တာပါ လို့ပြောတဲ့ ချမ်းချမ်းက …

“အဲဒီ Brand က D2B Brand ပေါ့။ အစ်မက D2B Brand ရဲ့Ambassador အဖြစ် World Wide ကို သွားရမယ်လို့ပြောတယ်။ အဲဒီအခါ ကမ္ဘာအနှံ့ကိုသွားပြီး ပရိုမိုးရှင်းတွေ လုပ်ရမှာပါ။ စိတ်လှုပ်ရှားစရာ တော်တော်ကောင်းပါ တယ်။ ဒီ Brand က Asia လူမျိုးတွေအတွက် အဓိကထုတ်ထားတာပါ။ အစက အဲဒီ ကြော်ငြာဓာတ်ပုံရိုက်ဖို့အတွက် စင်ကာပူထွက်မလို့ပါ။

ဒါပေမဲ့ ဗီဇာသက်တမ်းကုန်နေတဲ့အတွက် သူတို့ကိုယ်တိုင် မြန်မာနိုင်ငံကိုလာပြီး ရိုက်ကြတာပါ။ ရိုက်တော့ သူတို့ဆီက ဆံပင်ပညာရှင်တွေက အစ်မကိုပြင်ပေးကြတယ်။ မိတ်ကပ်ကတော့ ဒီကမိတ်ကပ်ဆရာနဲ့ပဲဖြစ်တယ်။ အဲဒီပစ္စည်းက စင်ကာပူကနေ စဖြန့်မယ်လို့ပြောတယ်။ သူတို့ ပရိုမိုးရှင်းလုပ်တဲ့အချိန်ကျရင်တော့ အစ်မကို လှမ်းခေါ်မယ်လို့ပြောတယ်” လို့ ပြောပါတယ်။

ပြင်သစ်က မော်ဒယ်အေဂျင်စီတစ်ခုက မော်ဒယ်လုပ်ဖို့ ကမ်းလှမ်းလာခဲ့ပေမယ့် သူ့အနေနဲ့လုပ်ဖို့တော့ အစီအစဉ်မရှိဘူးလို့ ချမ်းချမ်းက ပြောပါတယ်။ လုပ်ဖို့ အစီအစဉ်မရှိဘူးဆိုတာကလည်း သူတို့နိုင်ငံနဲ့ ကိုယ့်နိုင်ငံက ယဉ်ကျေးမှုတွေ ခြားနားတဲ့အတွက်ကြောင့်ရယ်၊ နောက်သူတို့ ဝတ်စားဆင်ယင်မှုတွေက သူ့အတွက် နည်းနည်းအန္တရာယ်ရှိတဲ့အတွက်ကြောင့်ပါလို့ ပြောပါတယ်။

သူ့အနေနဲ့ အဲဒီအဝတ်အစားတွေဝတ်ပြီး စိတ်လွတ်လက်လွတ် သရုပ်ဆောင်နိုင်မယ်လို့ မထင်ဘူးလို့လည်း ဆိုပါတယ်။ အဆိုပိုင်းဘက်မှာ ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို ခံရပြီဖြစ်ပေမယ့်လည်း မော်ဒယ်ဘက်ကိုလည်း လက်လွှတ်မှာ မဟုတ်ပါဘူးလို့ ပြောပါတယ်။ အခု မော်ဒယ်ရှိုးတွေမှာက အသစ်လေးတွေပေါ်လာပြီဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုတောင် အသက်ကြီးလာပြီလို့ ထင်လာတယ်လို့ ပြောပါတယ်။ ချမ်းချမ်းက ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီမှာ စင်ကာပူနဲ့ မလေးရှားကို ဖျော်ဖြေရေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

Friday, January 14, 2011


သူကတော့ ချမ်းချမ်း ပါ။ အခုတလော Magazine Cover တွေမှာ တော်တော် လေးတွေနေရပါတယ်။ စွဲဆောင်မှုရှိတဲ့ မြန်မာ မော်ဒယ်ချောလေး တစ်ယောက်ဖြစ်ပါတယ်။