ချစ်ကဗျာ

Showing posts with label ခန့်စည်သူ. Show all posts
Showing posts with label ခန့်စည်သူ. Show all posts

Friday, January 28, 2011

ဟာသကားတွေ သတိပြုဖို့ လိုလာပြီ

ဟာသတွေ မတိမ်ကောနိုင်ပါဘူးလို့ ပြောလာတဲ့ ခန့်စည်သူက “နိုင်ငံခြားက ဟာသတွေ ဥပမာ- ချာလီချက်ပလင်တို့၊ မစ္စတာ ဘီး(န်)တို့ဆိုလည်း ဘယ်အချိန်ကြည့်ကြည့် ရယ်ရတယ်။ ဒီနေ့ထိ လတ်ဆတ်နေတုန်းပဲ။ ဒါပေမဲ့ ကိုယ်တို့ဆီမှာ ဖန်တီးတဲ့ဟာသကျတော့ current အပေါ် မူတည်ပြီး လုပ်စားရတဲ့အပိုင်းတွေ ဖြစ်နေတယ်။

အဲဒီတော့ ဟာသကားတွေက နည်းနည်းသတိပြုဖို့ လိုလာပြီလို့ထင်တယ်။ ဒါရိုက်တာတွေကလည်း သူတို့မှာ တော်တဲ့အချက်တွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့ကလည်း ခေတ်ကာလကိုကြည့်ပြီး လုပ်ရတဲ့အပိုင်းတွေပါတယ်။ သူတို့ဖန်တီးချင်တာက တစ်ခု ဖန်တီးလိုက်ရတာက တစ်ခုဖြစ်ချင်လည်း ဖြစ်နိုင်ပါလိမ့်မယ်” လို့ ပြောပါတယ်။ မ

င်းသား မင်းသမီးတွေ တော်တော်များများ ဟာသဇာတ်ရုပ်ပီပြင်စေဖို့ သဏ္ဍာန်လုပ် သရုပ်ဆောင်ကြတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီက ဝေဖန်ချက်တွေ ထွက်လာတဲ့ အပေါ်မှာတော့ ခန့်စည်သူက … “ဒါကတော့ ကိုယ်လည်း မဝေဖန်ချင်ပါဘူး။ ကိုယ့်လမ်းကြောင်း ကိုယ်ဖောက်တာ အကောင်းဆုံးပါပဲ။ တစ်ယောက်က ဒီလိုင်းနဲ့ အောင်မြင်ပေမယ့် နောက်တစ်ယောက်က ဒီလိုင်းနဲ့ အောင်မြင်ချင်မှ အောင်မြင်မှာလေ။

ကိုယ်ကတော့ ဟာသတွေက ဒီလိုဒီလိုဖြစ်နေပြီ။ ပြုပြင်သင့်တယ်ဆိုပေမယ့်လည်း နောက်ဟာသကားတွေ ရုံတင်ရင် ပိုက်ဆံရချင်လည်း ရနေမှာပဲလေ။ အဲဒီအခါမှာ “ ဒီကောင် ဘာတွေလျှောက်ပြောနေတာလဲ” ဆိုပြီး ဖြစ်ရင်ဖြစ်နေမှာ။ အဓိကကတော့ ဘာလုပ်လုပ် ကိုယ့်ပေတံနဲ့ ကိုယ်တိုင်းတာ အကောင်းဆုံးပါပဲ” လို့ ပြောလာပါတယ်။

မြန်မာဇာတ်ကားတွေ နိုင်ငံတကာကို ထိုးဖောက်ဖို့ဆိုတာ သုံးနားညီ မတည်ဆောက်နိုင်ရင် မရနိုင်ပါဘူးလို့ ပြောတဲ့ အကယ်ဒမီ ခန့်စည်သူ



ကိုရီးယား ဇာတ်ကားတွေကို ကြိုက်နှစ်သက်မှု အပေါ် မြန်မာ ဇာတ်ကားတွေနဲ့ ယှဉ်ပြီး ပြောချင်ပါတယ်။ မြန်မာ့ရုပ်ရှင် သမိုင်းကိုပြောရင် တော်တော်လေး ကျယ်ပြန့်တယ်လေ။ ဒီနေ့ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ၊ အာရှ တော်တော် များများက အနုပညာ အလုပ်တွေနဲ့ ကမ္ဘာကို တော်တော်လေး ထိုးဖောက်နေပြီ။

သူတို့နိုင်ငံ စီးပွားရေး တော်တော် များများကလည်း ဗီဒီယို၊ ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေ၊ Media လုပ်ငန်းတွေကတစ်ဆင့် ရှာဖွေပေးနိုင်တာ တွေ့နိုင်တယ်လေ။ ဒါတွေကို ကျွန်တော်တို့ အတုယူရမယ်။ ကျွန်တော်တို့ လက်ထက်မှာ မဖြစ်နိုင်ဘူး ဆိုရင်တောင် နောက်မျိုးဆက်သစ်တွေ မှီဖို့လိုတယ်။ တစ်ခုတော့ ပြောချင်တယ်။ ဒီလို ရုန်းကန်ထိုးဖောက်ဖို့ဆိုတာ အနုပညာသမားသက်သက်ကြီးပဲ မဖြစ်နိုင်ဘူး။ သက်ဆိုင်ရာ အာဏာပိုင်၊ စီးပွားရေးလုပ်ငန်းရှင်၊ ဘဏ်ချေးငွေရှိရမယ်။ နိုင်ငံခြားက အတတ်ပညာ ရှင်တွေ ပါရမယ်။

သူများနိုင်ငံမှာဆိုရင် ရုပ်ရှင် ဗီဒီယို ဇာတ်လမ်းတွဲတွေက အမျိုးသားစီးပွားရေး တစ်ရပ်လို နိုင်ငံတော်ရဲ့ အဓိက ရှာဖွေပေးနိုင်တဲ့ စီးပွားရေးတစ်ရပ်လို ဖြစ်နေပြီ။ ကိုယ့်နိုင်ငံ ယဉ်ကျေးမှုကို ကမ္ဘာကလည်းသိမယ်။ စီးပွားရေးတစ်ရပ်လိုလည်း ထိုးဖောက်နိုင်မယ် ဆိုရင် အနုပညာသမားက အနုပညာအလုပ်ကလွှဲလို့ တခြားဟာ မလုပ်တတ်တော့ အနုပညာအလုပ်ကိုပဲ ရေကုန်ရေခန်းလုပ်ကြ၊ ပြိုင်ကြမှာပဲလို့ ကျွန်တော်ထင်တယ်။

နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ အနုပညာ၊ အတတ်ပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင် သုံးနားညီ မတည်ဆောက်နိုင်ရင် မရနိုင်ပါဘူး။ အနုပညာ တကယ်ချစ်တဲ့သူတွေ လက်ထဲကို လုပ်ပိုင်ခွင့်ထည့်ပေးဖို့ လိုပါတယ်။ ဒီအချိန်မှာ မဖြစ်နိုင်ဘူးဆိုရင်တောင် နောက်မျိုးဆက်သစ်တွေ ကြိုးစားဖို့ လိုအပ်တယ်လို့ ကျွန်တော်ပြောချင်တယ်။