ချစ်ကဗျာ

Friday, January 28, 2011

ကျွန်တော့်မှာ အချစ်ရှိတယ် ချစ်သူလည်း ရှိတယ်ဆိုတဲ့ မိုးအောင်ရင်





အရွယ်ရောက်လာရင် အချစ်ကို လူသားတိုင်းမှာ ဖြစ်တည်လာပါတယ်။ အဲဒီအချစ်ကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။ မိုးအောင်ရင်ကတော့ သူ့ရဲ့အချစ်ကို ဘယ်လို ဖွင့်ဆိုထားသလဲ ဆိုတော့ …

“အချစ်ဆိုတာ တကယ်ချစ်တာလည်း ရှိတယ်။ ရိုးရိုးချစ်တာလည်း ရှိတယ်။ တကယ်ချစ်ရင် နားလည်ခွင့်လွှတ်မှုလည်း ရှိရမယ်။ အချစ်ဆိုတာ ရယူခြင်းသက်သက် မဟုတ်ဘဲ ပေးဆပ်ခြင်းလည်း ရှိရမယ်။ ဒါကလည်း နှစ်ဖက်စလုံး ရှိရမှာပါ။

အချစ်ကို ရှာတွေ့ပြီးတဲ့အခါမှာ အချစ်ရဲ့ နားခိုရာ နေရာလေးတစ်ခုကို ရှိရမှာပါ။ ဘဝရဲ့ လက်တွဲဖော်ကို သတ်မှတ်ထားရင် တစ်ဦးနဲ့တစ်ဦး နားလည်ယုံကြည်မှုရအောင် အရင်ဆုံးလုပ်ရမယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုမရှိရင် ရှေ့ဆက်မယ့် လမ်းခရီးကို ဘယ်လိုဆက်သွားကြမလဲ” “ကျွန်တော့်မှာ အချစ်ရှိတယ်။ ချစ်သူလည်းရှိတယ်။ သူနဲ့ကျွန်တော်ကြားမှာ ယုံကြည်မှု အပြည့်ထားတယ်။

တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည်မှုရှိတဲ့ ချစ်သူကို ကျွန်တော့်ရဲ့ ဘဝလက်တွဲဖော်အဖြစ် ရွေးထားတာပါ” လို့ ပြောပြခဲ့ပါတယ်။

No comments:

Post a Comment