ချစ်ကဗျာ

Friday, January 28, 2011

ဖေဖော်ဝါရီမှာ တစ်ကိုယ်တော်ခွေထွက်ဖို့ ကြိုးစားနေတဲ့ အေသင်ချိုဆွေ

အေသင်ချိုဆွေက ၂၀၁၁ နှစ်သစ်မှာ သူမရဲ့ ဒုတိယတစ်ကိုယ်တော်အခွေကို အမြန်ဆုံး ပြီးမြောက်နိုင်အောင် ကြိုးစားပြီး လုပ်နေ ပါတယ်လို့ ပြောပါတယ်။ ပေါက်တဲ့အိုးထက် မပေါက်ဘူးလို့ အပြောခံရမှာကို အရမ်း ကြောက်နေပြီး သီချင်းတော်တော်များများက ပြီးနေပြီဖြစ်ပေမယ့် လိုအပ်တာတွေ ရှိနေသေးတဲ့အတွက် ဖေဖော်ဝါရီလောက်မှာ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။

ဖီးချားရင်းအနေနဲ့ကတော့ ဂျေမီ၊ ရဲလေး၊ စန္ဒီမြင့်လွင်၊ ဩရသတို့ ပါမှာဖြစ်ပြီး ခေါင်းစဉ်ကိုလည်း ပေါက်တဲ့အိုးဆိုတဲ့ ခေါင်းစဉ်နဲ့ကွဲတဲ့ ပုံစံပေးဖို့ ရွေးထားတယ်လို့ ပြောပါတယ်။ နာမည်ကိုတော့ အခွေထွက်မှပဲ ပရိသတ်ကို အသိပေးတော့မယ်လို့ ပြောပါတယ်။ သူမရဲ့ တစ်ကိုယ်တော်အခွေက ဖေဖော်ဝါရီလ Valentine’s Day နဲ့နီးတာမို့ တစ်ကိုယ်တော်ခွေမှာ အချစ်သီချင်း အငွေ့အသက်တွေ များနေလားမေးတော့ …

“သီချင်းလေးတွေက အချစ်သီချင်း အေးအေးလေးတွေ ပိုများတယ်။ ကိုရဲလေးသီချင်းနဲ့ ကိုဂျေမီသီချင်းပဲ မြူးမယ်ထင်တယ်။ ကျန်တာက အေးအေးလေးနဲ့ အလွမ်းအဆွေး သီချင်းတွေပါမယ်။ ချစ်တဲ့သီချင်းတွေလည်းပါမယ်” လို့ ဆိုပါတယ်။ သူမရဲ့ ဒုတိယအယ်လ်ဘမ်ကို အများကြီး ကြိုးစားထားလို့ အများကြီး မျှော်လင့်ချင်ပေမယ့် မျှော်လင့်ထားရင် လွဲတတ်တာကြောင့် သိပ်မမျှော်လင့်ရဲဘူးလို့ ပြောပြသွားပါတယ်။

No comments:

Post a Comment