ချစ်ကဗျာ

Friday, January 28, 2011

အိပ်မက် ၁၊ အိပ်မက် ၂ ကို ၂၀၁၁ ဇွန်လမှာ ထွက်ဖို့ပြင်နေတဲ့ ဖိုးကာ

အဆိုတော်ဖိုးကာက R ဇာနည်ရဲ့ တစ်ကိုယ်တော်အခွေမှာ “၁၆ နှစ် နတ်သမီး” ဆိုတဲ့ သီချင်းကို ရေးပေးထားပါတယ်။ ကိုယ်တိုင်ရေးပြီးဆိုတာနဲ့ သူများကို ရေးပေးရတာ ဘယ်လိုကွာခြားမှုတွေ ရှိလဲဆိုတော့ … “ကိုယ့်သီချင်းကိုယ်ရေးပြီး ဆိုရင် များသောအားဖြင့် နည်းနည်းတော့ ကိုယ်က ဘောင်ကျဉ်းသလို ဖြစ်နေတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒီပုံစံတွေပဲ ဖြစ်နေမလားလို့ တစ်ခါတလေကျရင် စိုးရိမ်မိတယ်။ သူများတွေကို ရေးပေးရင်းနဲ့မှ ပွားပြီးရလာတဲ့ဟာတွေလည်း အများကြီးရှိတာပဲ။ ရှိလာရင်လည်း ဒါကတော့ ဒီပုံစံလေး၊ မတူတဲ့ဟာလေး။ ဒါကတော့ ငါဆိုလိုက်မယ်။ အဲဒီလိုမျိုးနဲ့ပဲ ရွေးချယ်မှုလုပ်ပါတယ်။ တစ်ခါတလေကျရင်တော့လည်း အခွေအတွက်တည်ပြီးတော့ တအားနှစ်ပြီး ရေးထားတာတွေလည်း အများကြီးရှိပါတယ်” လို့ ပြောပြပါတယ်။

တစ်ကိုယ်တော်အခွေဖြစ်တဲ့ “အိပ်မက် ၁၊ အိပ်မက် ၂” အခွေကို ဇွန်လလောက် ထွက်နိုင်အောင် ကြိုးစားနေတယ်လို့ဆိုတာကြောင့် ဖိုးကာထွက်တဲ့အခွေတိုင်းမှာ ပေါက်တဲ့သီချင်းရှိပြီး အခု ဒီအခွေမှာကောဆိုတော့ … “အခွေတိုင်းလိုလိုကတော့ ပရိသတ်ကြိုက်မယ့်ဟာကို ထည့်ပြီး စဉ်းစားရပါတယ်။ ပရိသတ်ကြိုက်မယ့်ဟာနဲ့ ကိုယ်ကြိုက်တာ အမြဲတမ်းရောပြီး လုပ်လေ့ရှိပါတယ်။ ပရိသတ်အကြိုက်ချည်းပဲလည်း မဟုတ်ပါဘူး။ ကိုယ့်အကြိုက်ချည်းပဲလည်း မဟုတ်ပါဘူး။ အခု ဒီအခွေထဲမှာဆို ၄ ပုဒ်၊ ၅ ပုဒ်၊ ၆ ပုဒ်တော့ အနည်းလေး မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

No comments:

Post a Comment