ချစ်ကဗျာ

Friday, January 28, 2011

ဒီခေတ်က နာမည်ကြီးဖို့ လွယ်ပါတယ်ဆိုတဲ့ ကောင်းမြတ်

ကောင်းမြတ်က သူ့ရဲ့ ဒုတိယအယ်လ်ဘမ် ကို ဖန်တီးနေတာကြောင့် ဘယ်အထိ ခရီးရောက်နေပြီလဲလို့ မေးတော့ … “ဒုတိယအယ်လ်ဘမ်ကိုတော့ ၂၀၁၁ ထဲမှာ ပရိသတ်လက်ထဲ အရောက်ထည့်နိုင်အောင် ကြိုးစားနေပါတယ်။ ကျွန်တော့်ဘက်က ပြင်ဆင်နေတာတွေကတော့ တော်တော်ပြီး နေပါပြီ။ အခု ကျွန်တော့်အခွေကို တီးပေးနေတဲ့ Plus-3 Band က အတီးတွေပြီးတာကို စောင့်နေပါတယ်။

ဒုတိယအခွေမှာ စေတနာအပြည့်အဝနဲ့ အကောင်းဆုံး ဖန်တီးထားတဲ့အတွက် ပရိသတ်ခံစားချက်နဲ့ တစ်ထပ်တည်းကျမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ဆိုနေကျ ပေါ့ပ်ဂီတကို အခြေခံထားတဲ့ သီချင်း၊ မြူးကြွပြီး ရင်ခုန်စရာကောင်းတဲ့အပြင် ပရိသတ်ရဲ့ခံစားချက်နဲ့ တစ်သားတည်းကျနိုင်မယ့် သီချင်းတွေချည်းပဲ ဖန်တီးထားပါတယ်” လို့ ပြောပါတယ်။

ခုနောက်ပိုင်းမှာ အဆိုတော်အသစ် တော်တော်များများ စီးရီးတွေထုတ်နေတာ များလာတဲ့အပေါ် ကောင်းမြတ်ရဲ့အမြင်ကို တီးခေါက်ကြည့်ပြန်တော့ … “ဝမ်းသာပါတယ်။ ပရိသတ်တွေအတွက်လည်း ရွေးချယ်စရာ ပိုများလာတာပေါ့နော်။ ဒါပေမဲ့ ကျွန်တော် ဒီလောကထဲကို စဝင်တာ ၂၀၀၀ ခုနှစ်ကဆိုတော့ အခုဆို ၁၀ နှစ်ဝန်းကျင်လောက်ရှိပြီ။ ကျွန်တော်ပြောချင်တာက ဒီခေတ်က နာမည်ကြီးသွားဖို့ဆိုတာ လွယ်ပါတယ်။

ဒါပေမဲ့ ပရိသတ်ရင်ထဲမှာ အစဉ်သဖြင့် စွဲကျန်နေရစ်အောင် ဘယ်လို ထိန်းသိမ်းမလဲ ဆိုတာတော့ ရေရှည်မှာ စကားပြောလာပါလိမ့်မယ်။ အဲဒါကတော့ ထပ်ထွက်လာမယ့် မျိုးဆက်သစ် အနုပညာရှင်တွေအနေနဲ့ အဲဒါလေးတစ်ချက်ကို ခေါင်းထဲမှာ ထည့်ထားပြီးတော့ ပိုပြီးကြိုးစားမယ်ဆိုရင် ဒီထက်ကောင်းတဲ့ သီချင်းတွေကို ပရိသတ်တွေရော ကျွန်တော်တို့ အနုပညာရှင်တွေရော ခံစားလို့ရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” လို့ ပြောပြာသွားခဲ့ပါတယ်။

No comments:

Post a Comment