ချစ်ကဗျာ

Friday, January 28, 2011

မြန်မာဇာတ်ကားတွေ နိုင်ငံတကာကို ထိုးဖောက်ဖို့ဆိုတာ သုံးနားညီ မတည်ဆောက်နိုင်ရင် မရနိုင်ပါဘူးလို့ ပြောတဲ့ အကယ်ဒမီ ခန့်စည်သူ



ကိုရီးယား ဇာတ်ကားတွေကို ကြိုက်နှစ်သက်မှု အပေါ် မြန်မာ ဇာတ်ကားတွေနဲ့ ယှဉ်ပြီး ပြောချင်ပါတယ်။ မြန်မာ့ရုပ်ရှင် သမိုင်းကိုပြောရင် တော်တော်လေး ကျယ်ပြန့်တယ်လေ။ ဒီနေ့ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ၊ အာရှ တော်တော် များများက အနုပညာ အလုပ်တွေနဲ့ ကမ္ဘာကို တော်တော်လေး ထိုးဖောက်နေပြီ။

သူတို့နိုင်ငံ စီးပွားရေး တော်တော် များများကလည်း ဗီဒီယို၊ ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေ၊ Media လုပ်ငန်းတွေကတစ်ဆင့် ရှာဖွေပေးနိုင်တာ တွေ့နိုင်တယ်လေ။ ဒါတွေကို ကျွန်တော်တို့ အတုယူရမယ်။ ကျွန်တော်တို့ လက်ထက်မှာ မဖြစ်နိုင်ဘူး ဆိုရင်တောင် နောက်မျိုးဆက်သစ်တွေ မှီဖို့လိုတယ်။ တစ်ခုတော့ ပြောချင်တယ်။ ဒီလို ရုန်းကန်ထိုးဖောက်ဖို့ဆိုတာ အနုပညာသမားသက်သက်ကြီးပဲ မဖြစ်နိုင်ဘူး။ သက်ဆိုင်ရာ အာဏာပိုင်၊ စီးပွားရေးလုပ်ငန်းရှင်၊ ဘဏ်ချေးငွေရှိရမယ်။ နိုင်ငံခြားက အတတ်ပညာ ရှင်တွေ ပါရမယ်။

သူများနိုင်ငံမှာဆိုရင် ရုပ်ရှင် ဗီဒီယို ဇာတ်လမ်းတွဲတွေက အမျိုးသားစီးပွားရေး တစ်ရပ်လို နိုင်ငံတော်ရဲ့ အဓိက ရှာဖွေပေးနိုင်တဲ့ စီးပွားရေးတစ်ရပ်လို ဖြစ်နေပြီ။ ကိုယ့်နိုင်ငံ ယဉ်ကျေးမှုကို ကမ္ဘာကလည်းသိမယ်။ စီးပွားရေးတစ်ရပ်လိုလည်း ထိုးဖောက်နိုင်မယ် ဆိုရင် အနုပညာသမားက အနုပညာအလုပ်ကလွှဲလို့ တခြားဟာ မလုပ်တတ်တော့ အနုပညာအလုပ်ကိုပဲ ရေကုန်ရေခန်းလုပ်ကြ၊ ပြိုင်ကြမှာပဲလို့ ကျွန်တော်ထင်တယ်။

နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ အနုပညာ၊ အတတ်ပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင် သုံးနားညီ မတည်ဆောက်နိုင်ရင် မရနိုင်ပါဘူး။ အနုပညာ တကယ်ချစ်တဲ့သူတွေ လက်ထဲကို လုပ်ပိုင်ခွင့်ထည့်ပေးဖို့ လိုပါတယ်။ ဒီအချိန်မှာ မဖြစ်နိုင်ဘူးဆိုရင်တောင် နောက်မျိုးဆက်သစ်တွေ ကြိုးစားဖို့ လိုအပ်တယ်လို့ ကျွန်တော်ပြောချင်တယ်။

No comments:

Post a Comment