ချစ်ကဗျာ

Friday, January 28, 2011

ဘယ်လောက်ပဲ အဆင်ပြေတဲ့လူဖြစ်ပါစေ တစ်ချိန်ချိန်မှာတော့ ခါးသီးမှုတွေ တွေ့ကြုံနေရမှာပါပဲ လို့ ဆိုတဲ့ ခင်ဇာခြည်ကျော်

အစ်မဘဝမှာ ကြုံတွေ့ခဲ့ရတာ အနုပညာလောကထဲရောက်ခဲ့တာ ချောမွေ့ခဲ့တယ်။ အစ်မတို့တုန်းက မင်းသမီးဆိုရင် တကယ့်ကို သရုပ်ဆောင် ကောင်းမှသာလျှင် မင်းသမီးဖြစ်တာလေ။ အခုလိုလည်း ခေတ်မီ တိုးတက်မှုလည်း သိပ်မရှိသေးဘူး။

တီဗီဇာတ်လမ်းတစ်ကား။ ဗီဒီယို ဇာတ်ကား တစ်ကားနဲ့ ဒီလောကထဲကို အစ်မရောက်သွားတာ အနုပညာမှာတော့ လွယ်ကူတယ်။ ချောမွေ့တယ်။ သူများကို နင်းပြီး တက်ခဲ့တာမျိုး မှီပြီး တက်ခဲ့ရတာမျိုးလည်း မရှိဘူး။ အစ်မရဲ့ ငွေကြေးနဲ့ အစ်မရင်းပြီး ဒီလောကထဲကို ခြေချခဲ့တာပါ။ အစ်မရဲ့အနုပညာက လွယ်ကူချောမွေ့သလို အစ်မရဲ့ အိမ်ထောင်ရေး Life ကျတော့ တစ်မိသားစုနဲ့ တစ်မိသားစုဆိုတော့ အဆင်မပြေဘူး။ အကြောင်းအကျိုးတွေကြောင့် Broken Family (ပြိုကွဲတဲ့မိသားစု) ဖြစ်ခဲ့ရတယ်။

Life တစ်ခုမှာ ဘယ်လောက်ပဲ အဆင်ပြေချောမွေ့ပါစေ သူ့နေရာနဲ့သူ ခါးသီးမှုတွေ ကတော့ ဘဝမှာ ကြုံတွေ့ရမှာပါပဲလေ။ ပရိသတ်ကိုလည်း ပြောစရာဘာမှတော့ သိပ်မရှိပါဘူး။ ဒီခေတ်မှာ အားလုံးကလည်း ကိုယ့်ထက်ပိုပြီးတောင် ဗဟုသုတတွေရှိပြီး နားလည် သိတတ်ကြမှာပါ။ တော်နေတဲ့ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ အစ်မအကြံပေး စကားလေး၊ အစ်မရဲ့အမြင်ကို ပြောရရင်တော့ ဦးနှောက်နဲ့သာ အရာရာကို စဉ်းစားပြီး ဆုံးဖြတ်ပါလို့ ပြောချင်ပါတယ်။

No comments:

Post a Comment