ချစ်ကဗျာ

Saturday, January 29, 2011







Fashion ဆိုတဲ့အပေါ်ကို နားလည်ထား တာက သူ့နေရာနဲ့သူ အလိုက်အထိုက် ဝတ်စားဆင်ယင် တတ်တာကိုပါ။ Fashion နဲ့ ပတ်သက်ပြီး ဖိနပ်၊ အိတ်၊ မျက်မှန်တို့ စုဖြစ်တာများပါတယ်။ ဖွေးဖွေး အကြိုက်ဆုံး ဖက်ရှင်ပုံစံက အခု ဝတ်ထားတဲ့ ဖက်ရှင်ပုံစံ ပါ။ ဒါ ဖွေးဖွေးစိတ်ကြိုက် စီစဉ်ထားတဲ့ပုံစံပါ။ ဖွေးဖွေးကို ပရိသတ်တွေက များသောအား ဖြင့် လူငယ် Style ပုံစံ မြင်ကြတယ်။ မိန်းကလေး ဆန်ဆန်ဝတ်တာ နည်းတယ်လေ။
Body ပိုင်းနဲ့ပတ်သက်ပြီး Gym ကတော့ မကစားဖြစ်ဘူး။ Body Spa ကို အရင်ကတော့ တစ်လတစ်ခါလုပ်တယ်။ အခုတော့ နှစ်လတစ်ခါလောက်ပဲ လုပ်ဖြစ်တယ်။ Skin Care နဲ့ ပတ်သက်ပြီး Tony Moly Korea Brand က မျက်နှာပေါင်းတင်တဲ့ဆေးတို့၊ Toner တို့ Set လိုက် သုံးဖြစ်ပါတယ်။
ကိုယ်ရဲ့ Feature တွေထဲမှာ မျက်လုံးကို အကြိုက်ဆုံးပါ။ ကိုယ်ဟာ ဘယ်လိုလူမျိုးလဲ ဆိုတော့ စိတ်ရဲ့ အခြေအနေအရ ပျော့လိုက်၊ မာလိုက် ဖြစ်တတ်ပါတယ်။ ဆုံးဖြတ်ချက် ကြီးကြီးမားမားတစ်ခု ချတော့မယ်ဆိုရင် ကိုယ်ဆုံးဖြတ်မယ့်ကိစ္စပေါ် မူတည်ပြီး ကိုယ့်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိမလဲဆိုတာကို အနွံတာခံပြီး ဆုံးဖြတ်ရမယ် ဆိုရင်လည်း အဲဒီဘက်ကိုပဲ ဦးတည်ပြီး ဆုံးဖြတ်သွားပါတယ်
အချိန်က တိုတိုလေးပဲဖြစ်ဖြစ်၊ အကြာကြီးပဲဖြစ်ဖြစ် ကိုယ်ကသတိမထားမိလိုက်တာပဲ ရှိတယ်။ ဥပမာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကိုလည်း ပြန်သွားလို့ မရတော့ဘူး။ တချို့တွေက မေ့နေကြတယ်။ အချိန်ကို အတတ်နိုင်ဆုံး အကျိုးရှိအောင် အသုံးချပါတယ်။ အချိန်ဇယားနဲ့ လုပ်ဖြစ်တယ်။ တစ်ခါတလေ စိတ်အရမ်းမွန်းကျပ်တဲ့အခါကျရင်တော့ ဒီအတိုင်း ပေါ့ပေါ့ပါးပါးပဲ အချိန်ဖြုန်းလိုက်တယ်။ လူဆိုတာတော့ အမှားမကင်းပါဘူး။ ဘဝမှာ ရင်ခုန်ရဆုံးအချိန်က “လက်ပံ” ရုပ်ရှင်ရိုက်တဲ့အချိန်ပါ။ ဖြတ်သန်းလာတဲ့တစ်လျှောက်မှာ အမှတ်ရဆုံး နေ့လေးကတော့ အခုဒီ Urban Fashion ရိုက်တဲ့နေ့လေးပါ။ ဘာဖြစ်လို့လဲ ဆိုတော့ နောက်ဆုံးတစ်စုံကို ဆိပ်ကမ်းဘက်မှာ သွားရိုက်ကြတယ်။ အမြင့်ပေါ်မှာ တက်ရိုက်တာ။ ရိုက်ပြီးတော့ အမြင့်ပေါ်က ခုန်ချလိုက်တာ ချော်လဲသွားပြီး လက်ပေါက် သွားတယ်။ အဲဒါကတော့ အမှတ်တရပါပဲ။ အဲဒီနေ့။
ဝေဖန်ချက်တွေကို ခံနိုင်ရည်ရှိဖို့ ဘာတွေလိုအပ်မလဲဆိုရင်တော့ အကောင်းဘက်က ဝေဖန်ရင်တော့ ခံနိုင်မှာပါ။ တချို့ကျတော့ ထိခိုက်အောင် ဝေဖန်တာရှိတယ်လေ။ ဘယ်လို ဝေဖန်ချက်မျိုးကို လျစ်လျူရှုလဲဆိုတော့ တစ်ဖက်သား ထိခိုက်အောင် တစ်ဖက်သတ် စောင်းနင်းပြီး ဝေဖန်တဲ့ဟာမျိုးကိုတော့ လျစ်လျူရှုခဲ့ပါတယ်။
အပန်းဖြေတာတော့ နေရာပုံမှန်မရှိပါဘူး။ အပန်းဖြေချင်တာကတော့ ကမ်းခြေတွေမှာပါ။ ရောက်ဖြစ်တာကတော့ မုန့်ဆိုင်တွေပဲ ဖြစ်နေတယ်။ သူငယ်ချင်းတွေနဲ့ Coffee Shop တွေမှာ ထိုင်ဖြစ်တယ်။ အိမ်မှာရှိတဲ့ အပန်းဖြေပစ္စည်းတွေထဲမှာ ဖွေးဖွေးအကြိုက်ဆုံးက ipad လေးပါ။ ဖက်ရှင်နဲ့ ပတ်သက်ပြီး ပရိသတ်ကို ပြောချင်တာက သူများဝတ်တာကို မကြည့်ဘဲ ကိုယ်တကယ်ကြိုက်တဲ့ ပုံစံကိုပဲ ဝတ်ကြပါလို့။

No comments:

Post a Comment