ချစ်ကဗျာ

Friday, January 28, 2011

ဟာသကားတွေ သတိပြုဖို့ လိုလာပြီ

ဟာသတွေ မတိမ်ကောနိုင်ပါဘူးလို့ ပြောလာတဲ့ ခန့်စည်သူက “နိုင်ငံခြားက ဟာသတွေ ဥပမာ- ချာလီချက်ပလင်တို့၊ မစ္စတာ ဘီး(န်)တို့ဆိုလည်း ဘယ်အချိန်ကြည့်ကြည့် ရယ်ရတယ်။ ဒီနေ့ထိ လတ်ဆတ်နေတုန်းပဲ။ ဒါပေမဲ့ ကိုယ်တို့ဆီမှာ ဖန်တီးတဲ့ဟာသကျတော့ current အပေါ် မူတည်ပြီး လုပ်စားရတဲ့အပိုင်းတွေ ဖြစ်နေတယ်။

အဲဒီတော့ ဟာသကားတွေက နည်းနည်းသတိပြုဖို့ လိုလာပြီလို့ထင်တယ်။ ဒါရိုက်တာတွေကလည်း သူတို့မှာ တော်တဲ့အချက်တွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့ကလည်း ခေတ်ကာလကိုကြည့်ပြီး လုပ်ရတဲ့အပိုင်းတွေပါတယ်။ သူတို့ဖန်တီးချင်တာက တစ်ခု ဖန်တီးလိုက်ရတာက တစ်ခုဖြစ်ချင်လည်း ဖြစ်နိုင်ပါလိမ့်မယ်” လို့ ပြောပါတယ်။ မ

င်းသား မင်းသမီးတွေ တော်တော်များများ ဟာသဇာတ်ရုပ်ပီပြင်စေဖို့ သဏ္ဍာန်လုပ် သရုပ်ဆောင်ကြတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေဆီက ဝေဖန်ချက်တွေ ထွက်လာတဲ့ အပေါ်မှာတော့ ခန့်စည်သူက … “ဒါကတော့ ကိုယ်လည်း မဝေဖန်ချင်ပါဘူး။ ကိုယ့်လမ်းကြောင်း ကိုယ်ဖောက်တာ အကောင်းဆုံးပါပဲ။ တစ်ယောက်က ဒီလိုင်းနဲ့ အောင်မြင်ပေမယ့် နောက်တစ်ယောက်က ဒီလိုင်းနဲ့ အောင်မြင်ချင်မှ အောင်မြင်မှာလေ။

ကိုယ်ကတော့ ဟာသတွေက ဒီလိုဒီလိုဖြစ်နေပြီ။ ပြုပြင်သင့်တယ်ဆိုပေမယ့်လည်း နောက်ဟာသကားတွေ ရုံတင်ရင် ပိုက်ဆံရချင်လည်း ရနေမှာပဲလေ။ အဲဒီအခါမှာ “ ဒီကောင် ဘာတွေလျှောက်ပြောနေတာလဲ” ဆိုပြီး ဖြစ်ရင်ဖြစ်နေမှာ။ အဓိကကတော့ ဘာလုပ်လုပ် ကိုယ့်ပေတံနဲ့ ကိုယ်တိုင်းတာ အကောင်းဆုံးပါပဲ” လို့ ပြောလာပါတယ်။

No comments:

Post a Comment