ချစ်ကဗျာ

Friday, January 28, 2011

အချစ်ရှိမှ ဘဝရှင်သန်တယ်ဆိုတဲ့ စကားကမှန်တယ် သင်ဇာဝင့်ကျော်

Myanmar Model Thin Zar Wint Kyaw

Myanmar Model Thin Zar Wint Kyaw

Myanmar Model Thin Zar Wint Kyaw

Myanmar Model Thin Zar Wint Kyaw

Myanmar Model Thin Zar Wint Kyaw

သင်ဇာကတော့ အပြင်မှာ ကိုယ်မချစ်ဘဲနဲ့ လက်မထပ်နိုင်ဘူး။ အရင်ဦးဆုံး လူတစ်ယောက်ကို မြင်တဲ့အခါ သဘောကျမယ်။ ကြိုက်မယ်။ ပြီးမှ သူနဲ့ ရည်းစားဆိုရည်းစား၊ ချစ်သူဆိုချစ်သူ အဲဒီ့လိုနေရင်းနဲ့မှ ချစ်သွားမှာပေါ့။ လူတစ်ယောက်ကို မြင်မြင်ချင်း ချစ်ဖို့ဆိုတာ မလွယ်ပါဘူး။ သဘောကျပြီး ကိုယ်ကြိုက်တဲ့ လူတစ်ယောက်ကိုတော့ ချစ်လို့ရအောင် ကြိုးစားလို့ရပါတယ်။

အချစ်ရှိမှ ဘဝရှင်သန်တယ်ဆိုတဲ့စကားက သင်ဇာ့အတွက်တော့ ဟုတ်တယ်။ အချစ်ဆိုတာ ဘဝမှာ တစ်စိတ်တစ်ပိုင်း အရေးကြီးတယ်။ အချစ်ဆိုတာ ပျော်ရွှင်မှုတစ်ခုတည်းလည်း မဟုတ်ဘူး။ အရမ်းပျော် ရရင်လည်း အရမ်းစိတ်ညစ်ရတယ်။ တစ်ခါတလေ ကိုယ်ချစ်ရတဲ့သူအတွက် တစ်ခုခု လုပ်ပေးရတာမျိုးက ပီတိဖြစ်တယ်။ လွမ်းရတဲ့စိတ်ကလည်း ခံစားလို့ကောင်းတယ်။ အဓိပ္ပာယ်ရှိတယ်။ အဲဒီ့ ကိုကြိုက်တယ်။ သင်ဇာလည်း အရွယ်ရောက်နေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်။

လူတိုင်း အချစ်ကို တွေ့ဖူးကြမှာပါ။ အချစ်မလိုဘူးလို့ ပြောတဲ့သူတွေရှိသလို အချစ်ရှိမှ ဘဝရှင်သန်တယ်လို့ ပြောတဲ့သူတွေလည်း ရှိတယ်။ သင်ဇာက ခုချစ်သူရှိတယ်။ အဲဒီတော့ ဘဝမှာ အချစ်ရှိမှ ရှင်သန်တယ်လို့ ပြောရမှာပေါ့။ ချစ်သူမရှိတဲ့သူတွေကြတော့လည်း အချစ်မရှိဘဲ နေလို့ရတယ် ပြောကြမှာပဲ။ လူတွေအားလုံးက ကိုယ့်အလုပ်ကို လုပ်နေကြတာပဲ။ အလုပ်မရှိရင် မဖြစ်သလို အချစ်မရှိရင်လည်း မဖြစ်တဲ့သူတွေလည်း ရှိမှာပါပဲ။ အလုပ်လုပ်သလို ကိုယ့်အတွက် စိတ်အပန်းဖြေရာက အချစ်ဆိုရင် သင်ဇာ့ဘဝမှာ အချစ်မရှိရင် မဖြစ်ဘူး။

No comments:

Post a Comment