ချစ်ကဗျာ

Friday, January 28, 2011

တစ်ယောက်ဆို တစ်ယောက်ပဲ ချစ်သွားမယ် နေမင်း


အခုတလော အချစ်ရေးကိစ္စတွေနဲ့ နာမည်ကြီးနေတဲ့ နေမင်းက “အချစ်ကို ဘယ်လို အဓိပ္ပာယ်ဖွင့်ချင်လဲဆိုတော့ အချစ်ဆိုတာ နက်ရှိုင်းသလို ကျယ်လည်း ကျယ်ပြန့်တယ်။ လိုချင်တပ်မက်မှုနဲ့ ချစ်ရင်တော့ အဲဒီအချစ်က တည်မြဲမှာ မဟုတ်သလို ရည်ရှည်လည်းတည်တံ့ဖို့ မလွယ်ဘူးလေ။ တစ်ယောက်နဲ့တစ်ယောက် ပေးဆပ်မှုတွေနဲ့ပဲ ချစ်မယ်ဆိုရင် အဲဒါက ကောင်းလည်းကောင်းသလို ရေရှည်လည်း တည်မြဲတယ်။

ပိုပြီးလည်း လေးနက်မယ်လို့ထင်တယ်။ ကိုယ်ချစ်ခဲ့သမျှတော့ ပေးဆပ်ပြီး ချစ်ခဲ့တာပါ။ ကိုယ်ချစ်တဲ့ မိန်းကလေးအတွက် ရင်ဆိုင်ရဲပါတယ်။ ဒီအသက်အရွယ်မှာတော့ ဦးနှောက်ရော နှလုံးသားရော ပါလာပြီလေ။ အဲဒီအတွက် သေသေချာချာ စဉ်းစားပြီးမှ ရင်ဆိုင်တာဖြစ်မှာပါ။ အဲဒီအတွက်လည်း ကြိုတင်ပြင်ဆင်မှာပါ။

နှစ်ဦးနှစ်ဖက်စလုံး ရင်ဆိုင်ရင်တော့ ပိုအဆင်ပြေမှာပါ။ အချစ်ဆုံးဆိုတာရှိလာပြီး နောက်ထပ် ပေါ်လာနိုင်သေးလားဆိုတာကို အသည်းကွဲပြတိုက်ဆိုတဲ့ကားမှာ ရိုက်ထားတယ်။ လူတစ်ယောက်က အချစ်တွေ အများကြီးချစ်လို့ရတယ်။ ချစ်ပုံ ချစ်နည်းချင်းတော့ မတူကြဘူး။ ကိုယ်ကတော့ အစွဲအလမ်းကြီးတဲ့အတွက် တစ်ယောက်ဆို တစ်ယောက်ပဲ ချစ်သွားမယ်လို့ စဉ်းစားထားတယ်။

လူ့စိတ်ဆိုတာက ပြောလို့မရဘူးလေ။ ကိုယ်က ဘယ်သူ့ကိုချစ်မယ်လို့ သတ်မှတ်ချက် မထားပါဘူး။ အဓိက မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကို လိုချင်တာပါ။ ဘယ်လိုလဲ ဆိုတော့ ဖြူစင်ခြင်းတွေနဲ့ ပြည့်နှက်ပြီး နားလည်မှုရှိတဲ့ ပေးဆပ်တဲ့ ချစ်ခြင်းမျိုးနဲ့ ချစ်တတ်တဲ့သူတို ပိုအဆင်ပြေမယ် ထင်ပါတယ်။ အခုကတော့ အမေ့ဆီက ဖြူစင်တဲ့မေတ္တာတွေ အပြည့်အဝရနေပါတယ်” လို့ ဖြေကြားသွားပါတယ်။

No comments:

Post a Comment