ချစ်ကဗျာ

Sunday, January 23, 2011

၂၀၀၉ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန် အကယ်ဒမီဆု ရရှိကြသူများ

၂၀၀၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၃ ရက်(ယနေ့) ညနေပိုင်းတွင် နေပြည်တော်ရှိ လဟာပြင်ကဇာတ်ရုံ၌ ကျင်းပခဲ့သည်။ ၂၀၀၉ ခုနှစ် အကယ်ဒမီဆု စိစစ်ရွေးချယ်ရန်အတွက် ဇာတ်ကား ၁၆ ကား စာရင်းဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါဇာတ်ကားများတွင် ဟာသဦးစားပေး ဇာတ်ကား ၁၀ ကားနှင့် ဒရာမာဇာတ်ကား ၆ ကားပါဝင်သည်။ ယခုနှစ် အကယ်ဒမီဆုများတွင် ယမန်နှစ်က ချီးမြှင့်ခဲ့ခြင်း မရှိသည့် ဇာတ်ညွှန်းဆု၊ တေးဂီတဆု၊ ရုပ်ရှင်တည်းဖြတ်ဆုနှင့် အသံဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အမျိုးသမီးသရုပ်ဆောင်ဆုနှင့် အမျိုးသားဇာတ်ပို့ဆုတို့ ချီးမြှင့်ခဲ့ခြင်းမရှိကြောင်း သိရသည်။

No comments:

Post a Comment